Chapter 15

93 12 0
                                    

Code 15:Greatest Mistake
Chapter 15- မုန့်ဖိုးတွေအားလုံး
သုံးကုန်သွားပြီ

ယနေ့တော့ သခင်မလေး စင်သီယာတစ်ယောက် ဂိုထောင်ထဲမှမထွက်ဘဲ အလုပ်ရှုပ်နေသည်မှာ သုံးရက်​မြောက်ဖြစ်သည်။ အန်ဇုက စိတ်ပူလွန်းသဖြင့်
မနက်စာပန်းကန်လေးကိုကိုင်ကာ ဂိုထောင်အပြင်မှနေ၍ လှမ်းအော်နေရသည်။

"သခင်မလေး၊ အနည်းဆုံးတော့
မနက်စာလေး ထွက်စားပါဦးလား။
မနေ့ကလည်း ညစာကုန်အောင်စားတာမဟုတ်ဘူး။"

ခဏခဏအပြင်မှ လှမ်းခေါ်နေသောကြောင့် စင်သီယာနားငြီးလာပုံရသည်။
တံခါးတစ်ချပ်ပွင့်လာပြီး စင်သီယာ၏
အိုးမည်းများပေနေသော မျက်နှာလေး
အပြင်သို့ထွက်လာသည်။ ကောင်မလေးက လက်ထဲမှ နက်ခေါင်းကျပ်သည့်ခွကို
မြှောက်ပြရင်း အန်ဇုကိုရန်တွေ့လိုက်သည်။

"နားငြီးတယ်၊ ငါအလုပ်မပြီးမချင်းထွက်မှာမဟုတ်ဘူး။"

သို့သော် အန်ဇုက ခပ်ပြုံးပြုံးဖြင့် စင်သီယာ၏ပခုံးကို ဖမ်းဆွဲကာ ပေါင်မုန့်ကြက်ဥကြော်ကို ခက်ရင်းဖြင့်ထိုး၍ကော်ယူလိုက်သည်။

"သခင်မလေးရေ၊ ဒီတစ်လုပ်စားပြီးမှ
အထဲဝင်ရမယ်နော်။" နဖူးမှသွေးကြောများထောင်နေသော အန်ဇု၏ဒေါသထွက်နေသည့်မျက်နှာကြောင့် စင်သီယာ၏နဖူးမှ ချွေးစေးများစီးကျလာသည်။ အကယ်၍မစားပါက သူ့ကိုအခန်းထဲမှဆွဲထုတ်ပြီး အတင်းကျွေးတော့မည့်ပုံပေါ်သည်။

"စားပါမယ်၊ ဟုတ်ပြီလား။ နောက်တစ်ခါလာမနှောင့်ယှက်နဲ့တော့။" စင်သီယာက
ပေါင်မုန့်ကြက်ဥကြော်ကို တစ်ခါတည်းမျိုချလိုက်ပြီး အခန်းတံခါးကိုပိတ်ကာ
ဆက်အလုပ်ရှုပ်နေလိုက်သည်။ မနက်
၉နာရီအချိန်ရောက်သောအခါ အထဲမှစက်နှိုးသံထွက်လာသည်။

"ဘူး...ဘူး...ဘရွန်း..." အန်ဇုက အတွင်းမှထွက်ပေါ်လာသော ထူးထူးဆန်းဆန်းအသံများကြောင့် သိချင်စိတ်ဖြစ်ပေါ်လာသည်။ သိပ်မကြာခင်မှာပင် အခန်းတံခါးပွင့်သွားပြီး ကြေးဝါရောင်ယာဥ်လေးတစ်စင်း အပြင်သို့ထွက်လာသည်။ စင်သီယာက ထိုယာဥ်ကိုခွကာ မြင်းစီးသကဲ့သို့အခန့်သားထိုင်ရင်း ပါလာသည်။

Code15:What is wrong with my daughterWhere stories live. Discover now