AFS Chapter 2

69 6 1
                                    

Code 15: Greatest Mistake
AfterStory Chapter 2- သမီးလေးရဲ့
သမီးလေးက ငါ့မြေးမလေးမဟုတ်လား
(အပိုင်း ၁)

ဗလာကောင်စစ်ပွဲကြီးအပြီး ၅နှစ်ခန့်အကြာ။

ဝမ်းဝမ်းနှင့်စင်သီယာတို့၏ကောင်းမှုဖြင့်
ကမ္ဘာကြီး၏နည်းပညာဖွံဖြိုးတိုးတက်မှုမှာ
အဆသောင်းချီမြန်လာခဲ့ပြီး နောက်ဆုံးတွင်
ဒီဂျစ်တယ်ခေတ်ကာလအကြိုသို့ ရောက်ရှိ
လာခဲ့ပေပြီ။

စင်သီယာလေးက ပုံရိပ်ယောင်များထုတ်
လွှင့်နိုင်သော မှော်သားရဲတစ်မျိုး၏ကျော
ရိုးကိုသုံးကာ ပထမဆုံးရုပ်မြင်သံကြားစက်
ကိုတီထွင်နိုင်ခဲ့သည်။ ဝမ်းဝမ်း၏ပံပိုးမှုဖြင့်
အခြေခံကွန်ပျူတာများလည်း စတင်တီထွင်
လာနိုင်ခဲ့ပေပြီ။

အဆင့်မြင့်လူသုံးကုန်များထုတ်လုပ်ရင်း
စင်သီယာ၏ကုမ္ပဏီအသစ် စုန်းမလေးရဲ့
မှော်ရတနာဥယျာဥ်မှာ အင်မတန်အောင်မြင်
နေပေပြီ။ နဂိုရှိပြီးသား ထုတ်ကုန်များအပြင်၊
ထပ်မံအဆင့်မြှင့်တင်ထားသော မှော်စွမ်းအင်ဆိုင်ကယ်၊ ကားများနှင့်ပစ္စည်းအသစ်များတင်ရောင်းလာရင်း CEOတစ်
ဖြစ်လည်း စင်သီယာလေးမှာ ကမ္ဘာ့အလှဆုံး
သမီးပျိုလေးဘွဲ့ကို ငါးနှစ်ဆက်လုံးထိန်းသိမ်းထားနိုင်ပေသည်။

လစဥ်ဖွင့်ပြောလာသည့် ရည်းစားစာတန်
ချိန်တစ်သောင်းရရှိနေပြီး ထိုပမာဏက
ကုမ္ပဏီ၏အမှာစာစာရင်းစာရွက်တန်ချိန်
စုစုပေါင်း၏အဆငါးဆယ်ပင်။ တချို့ဆို
လျှင် စာပို့ရတာအားမရသဖြင့် လူကိုယ်တိုင်
လာလက်ထပ်ခွင့်တောင်းတတ်ကြသည်။ သူ
တို့အားလုံးလိုလိုမှာ သူကောင်းမျိုးအရွယ်စုံ
ယောက်ျားသားများဖြစ်ပြီး မတွေ့ခင်က
စေ့စပ်လက်စွပ်ကလေးတကြွားကြွားနှင့်ဖြစ်
သော်လည်း အပြန်တွင်ပါးရိုးကျိုးပြီးပြန်လာ
ရ၏။ စင်သီယာမယူ၍ စွန့်ပစ်ထားသည့်စေ့
စပ်လက်စွပ်များမှာလည်း မဟူရာကျောက်တုံးနိုင်ငံမြို့တော်၏အလယ်တွင် တောင်လေးတစ်ပုံလိုရှိနေပြီး လက်စွပ်သချိုင်းကြီး
ဖြစ်လာပေသည်။ လက်စွပ်တိုင်းကတန်ဖိုး
ကြီးသည့်တိုင် ငို​ကြွေးနေသောစုန်းမလေး
ပရိသတ်များ၏ဝိညာဥ်ကိုလေးစားသည့်
အနေဖြင့် သူတောင်းစားများပင်မထိရက်
ကြပေ။

Code15:What is wrong with my daughterWhere stories live. Discover now