Chapter 44

48 6 0
                                    

Code 15:Greatest Mistake
Chapter 44- ဖီးနစ်ငှက်ကဲ့သို့ ပြန်လည်မွေးဖွားခြင်း

မီးတောက်မီးလျှံများက စင်သီယာ၏ခန္ဓာကိုယ်ကို ဝါးမျိုပစ်နေသည်။
သေချာကြည့်မည်ဆိုပါက အရိုးအသားများပါမကျန် လုံးဝလောင်ကျွမ်းသွားခြင်းဖြစ်သည်။

နောက်ဆုံးတွင်တော့ ပြာပုံလေးတစ်ပုံနှင့်
အနီရောင်စွမ်းအင်လုံးလေးတစ်ခုသာ
ကျန်ရစ်ခဲ့သည်။

အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက်တွင် ထိုအလင်းလုံးလေးကစတင်တုန်ခါလာပြီး အလင်းတန်းများထွက်ပေါ်လာသည်။ ထို့နောက်လေထုထဲတွင်
မီးလျှံလောကဓာတ်အမှုန်များက တဖြည်းဖြည်းစုဝေးလာပြီး နှလုံးသားတစ်ခု၏အသွင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက်တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများက တဖြည်းဖြည်းချင်းပြန်လည်ဖြစ်တည်လာသည်။

တစ်ဝက်ထွင်းဖောက်မြင်နေရသော မီးတောက်ကဲ့သို့အရောင်ရှိသည့် သလင်းကျောက်လို အရိုးများလည်းဖြစ်တည်လာသည်။ ထို့နောက်မျက်လုံးနှင့်ဦးနောက်တို့လည်း ဖြည်းဖြည်းချင်းဖြစ်တည်လာသည်။ မီးလျှံမှလွဲ၍ အခြားသောဓာတ်များပါဝင်ခြင်းမရှိသည့် စွမ်းအင်ကြာပန်း ၇ ခုကလည်းဖြည်းဖြည်းချင်းဖြစ်တည်လာကာ ဖီးနစ်တစ်ကောင်၏တေးသီသံကို ကြားနေရသည်။

ထို့နောက်အသားတစ်ရှုးစများက တဖြည်းဖြည်းချင်းဖြစ်တည်လာပြီးနောက် မြင်သူအပေါင်းကိုမူးမေ့လဲသွားစေနိုင်လောက်သည်အထိ လှပသောအလှပဂေးလေးအဖြစ် ပြောင်းလဲသွားကာ မြေပေါ်သို့ပြုတ်ကျလာသည်။

"ဘုတ်...." စင်သီယာက အောက်ကိုပြုတ်ကျသည့် အရှိန်ကြောင့် နာကျင်စွာညည်းညူလိုက်ပြီး ကိုယ့်ခါးကိုယ်နာကျင်စွာဖြင့် ဆုပ်ကိုင်လိုက်သည်။

"အီးယားယားနာလိုက်တာ... ငါကုတင်ပေါ်က ယောင်ပြီးပြုတ်ကျတာလား။"

....

အချိန်နှင့်အာကာသ၏တည်ရှိမှုက ဤနေရာတွင် ရှုပ်ထွေးနေသည်။ အကယ်၍
သင်သာနာရီတစ်လုံးကို ယူသွားမည်ဆိုပါက အချို့နေရာများကိုခြေချလိုက်သော် နာရီကမြန်သွားမည်ဖြစ်ပြီး အချို့နေရာများတွင်မူ နောက်ပြန်လည်နေသည်ကို
ခံစားမိမည်ဖြစ်သည်။

Code15:What is wrong with my daughterWhere stories live. Discover now