Chapter 6

106 18 0
                                    

Code 15:Greatest Mistake
Chapter 6: တောရိုင်းထဲက နတ်သမီးလေး

လူယဥ်သော ဝက်ဘီလူးလေးနှင့်
လူသားနှစ်ယောက်မှာ တောနက်ထဲသို့တစ်စတစ်စ ဝင်ရောက်လာကြသည်။
စတင်သူများကို ဝင်ခွင့်ပေးထားသည့်နယ်နိမိတ်ကို ကျော်သည်နှင့် ဝီလီယံတို့မှာ အားကောင်းသည့်မွန်းစတားတချို့
၏တည်ရှိမှုကို ခံစားမိကြသည်။

တစ်နေရာအရောက်တွင် သူတို့နှစ်ယောက်က အာရဟတ်မြွေနက်ကို
တွေ့ခဲ့ရပြီး ဝက်ဘီလူးကြီးက ထိုမြွေကိုရှောင်ကွင်းက အန္တရာယ်ကင်းသည့်လမ်းကြားတစ်ခုမှတစ်ဆင့် သူတို့ကိုဆက်ခေါ်သွားသည်။ သိပ်မကြာခင်မှာပင် ပန်းရောင်အသွေးရှိသော ရွှေရဲတိုက်
ကြက်ဖကြီးတစ်ကောင်က သူတို့နောက်တွင်ပေါ်လာပြီး အာရဟက်မြွေနက်ကို တီကောင်အလားဖမ်းစားကာ
တစ်ချက်တွန်လိုက်ပြီး အတောင်ကိုခတ်ကာ ပျံသွားသည်ကို မြင်လိုက်ရသည်။

ရိုမီယိုမှာတော့ မျက်ခုံးပင် လှုပ်သွားသည်။ "သောက်ကျိုးနည်း၊ ဝီလီယံရေ။
ရွှေရဲတိုက်ကြက်ဖဆိုတာက အဆင့် C
မွန်းစတားမဟုတ်လား၊ ဟိုရင်သားကြီးကြီးနဲ့ဘွားတော်တော့ ငါတို့ကိုမတန်မရာ
တာဝန်တွေပေးလိုက်ပြီနဲ့တူတယ်။"

စတင်သူနယ်နိမိတ်ကို ကျော်ရုံရှိသေး၊
Dနှင့်Cအဆင့် မွန်းစတားများကို ပေါပေါသီသီတွေ့လာပြီဖြစ်ရာ ပုံမှန်အတိုင်းဆိုပါက အဆင့် B စွန့်စားသူများပင် ယခုနေရာတွင် လွတ်လွတ်လပ်လပ် လှုပ်ရှားရန် ခက်ခဲပေလိမ့်မည်။ ဝက်သားလေးကတော့ စိုးရိမ်နေပုံရသော ရိုမီယို၏ပခုံးကို လက်ဖြင့်ပုတ်လိုက်ပြီး သူတစ်ယောက်တည်းသာ နားလည်မည့်ဝူးဝူးဝါးဝါး စကားတချို့နှင့်နှစ်သိမ့်ပေးလိုက်သည်။ ဝီလီယံကတော့ ဝက်သားလေး၏ အမူအရာကိုကြည့်ကာ
အလိုက်သင့်ဘာသာပြန်ပေးလိုက်သည်။

"သူပြောတာက စိတ်မပူနဲ့၊ အဲဒီကြက်မျိုးတွေကို ငါ့အစ်ကိုသမန်းကျားကြီးက မနက်တိုင်းစားနေကျတဲ့။"

"သောက်ခွေး၊ ဒီတောထဲမှာ အဲဒီကြက်ထက် ကြမ်းတဲ့ကောင်တွေရှိသေးတာလား။" ဝက်သားလေးပြောပုံအရဆိုလျင်
တောအတွင်း အင်အားကြီးမွန်းစတားများမှာ ကိုယ်ပိုင်နယ်မြေများသတ်မှတ်ထားတတ်ပြီး မြို့ပေါ်မှ လူမိုက်ဂိုဏ်းများနှင့်ပင် ဖွဲ့စည်းပုံတူနေသေးသည်။ ဝက်သားလေးမှာတော့ တောထဲတွင်လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်စွမ်းရှိသူတစ်ယောက်ဖြစ်ပြီး တောတွင်းခေါင်းဆောင်တချို့နှင့် သွေးသောက်ညီနောင်ဖွဲ့ထားနိုင်သည်။

Code15:What is wrong with my daughterWhere stories live. Discover now