Chapter 20

75 8 0
                                    

Code 15:Greatest Mistake
Chapter 20- ဘုရားကျောင်းသေးသေးလေးက ငါတို့နိုင်ငံကိုအထင်သေးနေတာလား

"ဟွန်းဟွန်းဟွန်း... ဦးလေးဝက်၊
အခုကစပြီးတော့ ဒီသခင်မလေးက
စတင်သူတောအုပ်ကို ပြာချပစ်တော့မယ်။ သေသေချာချာကြည့်ထား။"

စင်သီယာက စွန့်စားသူတောအုပ်ရှေ့တွင် ခါးထောက်ကာ မတ်တပ်ရပ်နေပြီး
ရယ်မောလိုက်သည်။ သူ၏ရယ်မောသံကြောင့် တောစပ်အနီးရှိ သားကောင်လေးတချို့ပင် ထွက်ပြေးသွားကြသည်။

"ဦးဦးဝက်၊ သမီးတို့ယူထားတဲ့တာဝန်တွေမှာ ဘယ်မွန်းစတားတွေသတ်ရမယ်လို့ပါလဲ။" စင်သီယာ၏အမေးကြောင့် ဝက်သားပေါက်က သစ်သားသေတ္တာကြီးတစ်လုံးကိုဖွင့်လိုက်ပြီး တာဝန်လက်ခံသည့်စာရွက် အပုံလိုက်ကြီးကိုကြည့်လိုက်သည်။

"ဂေါ်ဘလင်၊ ဝံပုလွေ၊ သန္ဓေပြောင်းကြက်တွေပါ။"

များသောအားဖြင့် စွန့်စားသူများမှာ
တာဝန်များကို တစ်ခုပြီးမှတစ်ခုယူတတ်သည်။ တာဝန်တစ်ခုလုပ်ရင်း
အသက်ရှင်လျက်ပြန်လာရန်ပင် မသေချာလေရာ မည်သူမှအများအပြား
ကြိုယူမထားတတ်ကြပေ။ သို့သော်တစ်ခါတည်းအများကြီးမယူရဟုတော့
စည်းကမ်းမရှိပေ။ အဆင့်မြင့်စွန့်စားသူတချို့ပင် တာဝန်သုံးလေးခုဆက်ယူလေ့ရှိကြသည်။ ထို့ကြောင့်စင်သီယာက ဌာနခွဲရှိ စတင်သူအဆင့်တာဝန်အားလုံးကို သိမ်းယူသွားခြင်းအား ခရိုလီတာကမတားခဲ့ခြင်းဖြစ်သည်။ သို့သော် သတ်မှတ်ထားသည့်အချိန်အတွင်း ထိုတာဝန်များကိုမပြီးမြောက်ကာ ကျရှုံးအဖြစ်သတ်မှတ်မည်ဖြစ်၍ စင်သီယာ၏ စွန့်စားသူ Rating ထိုးကျသွားနိုင်သည့်အန္တရာယ်လည်းရှိနေသည်။

စင်သီယာက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး ကျင့်စင်ကိုစတင်လှည့်ပတ်လိုက်သည်။ မှော်စွမ်းအားများလှုပ်ရှားလာပြီး
ကြယ်မှုန်လေးများအဖြစ် စင်သီယာ၏အနားတွင်တောက်ပနေသည်။
ထိုကျင့်စင်က စင်သီယာကိုယ်တိုင်တီထွင်ထားသော ကြက်သွေးရောင်စုန်းမလေး၏တောက်ပခြင်းဖြစ်သည်။ ကျင့်စင်ကို ကောင်းစွာနှိုးဆွပြီးနောက် ကောင်မလေးက ဓားအကြီးကြီးကိုဆွဲမကာ မှော်စွမ်းအားများသွင်းလိုက်သည်။

Code15:What is wrong with my daughterWhere stories live. Discover now