Chapter 58

113 7 0
                                    

Code 15:Greatest Mistake
Chapter 58- သမီးလေးက ကောင်
လေးငယ်ငယ်လေးတွေကို သဘောကျ
နေတုန်းပဲ

ဘာလိုလိုနှင့် ကမ္ဘာပျက်စစ်ပွဲကြီးပြီးသွား
ခဲ့သည်မှာ နှစ်လခန့်ကြာခဲ့ပြီဖြစ်၏။ စစ်
အပြီးတွင် ကောင်းကင်ဥက္ကာခဲကမ္ဘာ၏
အခြေအနေမှာ တစ်စည်းတစ်လုံးတည်း
ဖြစ်သွားခဲ့လေပြီ။

ဧကရာဇ်သုံးနိုင်ငံနှင့်တစ်ကွ အခြားသော
ဘုရင့်နိုင်ငံတို့သည် ကမ္ဘာ့အစိုးရကြီးတစ်
ရပ်တည်ထောင်ရန် ရွေးချယ်ခဲ့ကြသည်။
အနာဂတ်တွင် နိုင်ငံများက သူတို့ပိုင်နက်
များအတွင်း မိမိတို့လုပ်ထုံးလုပ်ဟန်များဖြင့် ဆက်လက်အုပ်ချုပ်ကြမည်ဖြစ်သော်လည်း နိုင်ငံအချင်းချင်းကြားမှ
ပြဿနာရပ်များကို စစ်ပြုခြင်းဖြင့် ဖြေ
ရှင်းကြတော့မည်မဟုတ်ပေ။

ပိုင်ကျိုး၏ဦးဆောင်မှု၊ သီယွန်နပ်နတ်
ဘုရား၏ထောက်ခံမှုတို့နှင့်အတူ ကြက်
သွေးရောင်မဟာမိတ်အစည်းအရုံးမှာ
အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်၏။
ယခင်အင်အားကြီးအဖွဲ့ဖြစ်သည့် သီယွန်နပ်ဘုရားကျောင်းကဲ့သို့ တစ်ကမ္ဘာလုံးကို
အာဏာသက်ရောက်ပြီး သေခြင်းကိုးပါး
အချုပ်ထောင်ကို စောင့်ကြပ်ရ​သည့်တာ
ဝန်ခြင်းတူသော်လည်း ယခုမဟာမိတ်က
နိုင်ငံပေါင်းစုအဖွဲ့တစ်ခုဖြစ်ရာ နိုင်ငံများ
ကိုအင်အားဖြင့် ကြိုးကိုင်ချယ်လှယ်နိုင်
လိမ့်မည်မဟုတ်ပေ။ ယေဘုယျအားဖြင့်
ရှင်းပြရမည်ဆိုပါက ကျွနုပ်တို့ကမ္ဘာမှ
ကုလသမဂ္ဂနှင့်အတိုင်းအတာတစ်ခုအထိဆင်တူသည်။ သို့သော် ​ကြက်သွေးရောင်
မဟာမိတ်တွင် ကိုယ်ပိုင်စစ်တပ်တစ်ခုရှိ
ကာ အချို့ကိစ္စများတွင် ကိုယ်ပိုင်ဆုံးဖြတ်
နိုင်စွမ်းရှိ၏။ တစ်နည်းအားဖြင့် နိုင်ငံများ
၏ရုပ်သေးရုပ် ဖြစ်လာစရာအကြောင်းမရှိဘဲ စစ်မှန်သောအာဏာပိုင်ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် မဟာမိတ်အစိုးရက မလိုတမာသောစိတ်ဖြင့်နိုင်ငံတစ်ခု၊ သို့မဟုတ် နိုင်ငံအများကို
ခြယ်လှယ်နိုင်လိမ့်မည်မဟုတ်။

အကြီးအကဲအများစုက သူတို့ဆိုင်ရာဆိုင်ရာနိုင်ငံများ၏ ဘိုးဘေးများမဟုတ်
ပါလား။

Code15:What is wrong with my daughterTahanan ng mga kuwento. Tumuklas ngayon