Chapter 26

66 9 2
                                    

Code 15:Greatest Mistake
Chapter 26- သေခြင်းကိုးပါး အချုပ်ထောင်

တောင်တန်းကြီးများ၏အလွန်။

ညီညာပြန့်ပြူးသောမြေပြင်က စောင့်ကြိုနေသည်။ တောင်တန်းပေါ်မှမြစ်တစ်စင်းက မြေပြန့်ဒေသထံသို့ စီးဆင်းသွားသော်လည်း တစ်နေရာအရောက်တွင်
မြစ်ရေများက ကမ္ဘာမြေဆွဲအားမှကင်းလွတ်ကာ လေထုထဲသို့လွင့်မျောပျောက်ကွယ်သွားသည်။

အထက်​ကောင်းကင်ပေါ်တွင် ဧရာမ
​လေဟာနယ်အက်ကွဲကြောင်းကြီးရှိနေပြီး တစ်စုံတခု၊ သို့မဟုတ် အရာတစ်ခုခုက ထိုအက်ကွဲကြောင်းထဲမှ လွတ်မြောက်
ရန်ကြိုးစားနေပုံရသည်။ အက်ကွဲကြောင်းထဲမှ အော်ဟစ်သံများက နှိပ်စက်ညှင်းပန်းခြင်းခံရသော ငရဲသားများရှိနေသည့်အလား ထင်ရသည်။ အသည်းငယ်သူတစ်ဦးသာ ထိုအသံများကိုကြားရပါက
နှလုံးရပ်ပြီး သေဆုံးသွားစေနိုင်လောက်သည်။

သို့သော်ထိုလေဟာနယ်အက်ကြောင်းအတွင်းမှ သတ္တဝါ သို့မဟုတ် သတ္တဝါများသည် ပြင်ပကမ္ဘာသို့ ဖောက်ထွက်မလာနိုင်သေးပါ။ သူတို့သည် တားဆီးခြင်းခံနေရသည်။

မြေပြန့်လွင်ပြင်ပေါ်၌ ထောင်သောင်းနှင့်ချီသော ဓားတို့သည်စိုက်ဝင်နေသည်။ ဓားတို့၏သချိုင်းအလား၊ ကိုင်ဆောင်သူစစ်သူရဲတို့သည် ထိုနေရာ၌ သေဆုံးပျောက်ကွယ်ကုန်ကြသည့်အလား။

လေထုအတွင်းသို့ မြင့်တက်လာသော မြစ်ရေစက်တို့သည် နေရောင်ခြည်ကြောင့် တောက်ပလျက်ရှိပြီး သေဆုံးခြင်းနယ်မြေတွင် တစ်ဦးတည်းထိုင်ကာ တေးသီဆိုနေသည့် မိန်းမလှလေးအလားထင်ရသည်။ လေဟာနယ်အက်ကွဲကြောင်းကြီးကတော့ ထိုမိန်းမပျိုလေးကို ဝါးမျိုတော့မည့် သားရဲကြီးလား။

လူလက်နှင့်တူသော လက်ချောင်းပေါင်းများစွာရှိသည့် အဖြူရောင်သတ္တဝါကြီးတစ်ကောင်သည် လေဟာနယ်ချောက်အတွင်းမှ တွားသွား၍တက်လာသည်။
ထိုသတ္တဝါသည် အပြင်သို့ရောက်ပြီဟူသောစိတ်ဖြင့် မျက်နှာတွင်ရှိသော
ပါးစပ်ကိုဟကာ ဟိန်းကောက်လိုက်သည်။

လွင်ပြင်တွင်စိုက်ဝင်နေသည့် ဓားတစ်ချောင်းက မြေပြင်မှမြင့်တက်လာပြီး
အလိုလိုပျံသန်းသွားကာ ထိုအကောင်ကြီး၏ခေါင်းကို ပိုင်းဖြတ်ပစ်လိုက်သည်။
အခြားသောဓားများသည်လည်း နိုးထလာကာ ထိုသတ္တဝါကြီးကို ဖြူးကောင်သဖွယ်ဖြစ်အောင် ထိုးစိုက်လိုက်သည်။
ထိုသတ္တဝါကြီးမှာ အားအင်ကင်းမဲ့စွာဖြင့်
အော်ဟစ်ပြီးသည့်နောက် လေဟာနယ်ချောက်နက်အတွင်းသို့ ပြန်ပြုတ်ကျသွား​လေသည်။ ဓားပျံများသည်လည်း ယင်းတို့နေရာသို့ပြန်လာကာ မြေတွင်စိုက်ဝင်ကြကုန်သည်။

Code15:What is wrong with my daughterWhere stories live. Discover now