Chapter 38

44 7 0
                                    

Code 15:Greatest Mistake
Chapter 38- အထီးကျန်နန်းတက်ပွဲ

တောနက်ကြီးထဲက စွန့်ပစ်ခံရဲတိုက်တစ်ခု။

တစ်ချိန်တစ်ခါက ဝင့်ကြွားခဲ့ပုံရသော မြင့်မားသည့် မြို့တံတိုင်းကြီးများသည် ယိုယွင်းပျက်စီးလျက်။ အချို့အုတ်ချပ်များတွင် ရေညှိများမြင်မကောင်းလောက်အောင် ပေါက်ရောက်နေပြီး နွယ်ပင်များကလည်း နေရာအနှံတွယ်တက်နေသည်။

ဝက်သစ်ချသားဖြင့် ပြုလုပ်ထားသော
ဂိတ်တံခါးအိုကြီးမှာလည်း ဆွေးမြေ့ကာ
တံခါးချပ်များပေါ်တွင် မှိုပွင့်ကြီးများပင် ပေါက်ရောက်နေ၏။ သစ်သားတံခါးမှ
အချို့သစ်ချောင်းတို့သည် ပြုတ်ထွက်ကုန်ကြပြီဖြစ်ရာ တံခါးကြီးမှာလည်း ကြိုးတိုးကျဲတဲဖြစ်နေရာ တစ္ဆေအဖိုးအိုကြီး သွားပေါ်သည်အထိ ပြုံးရယ်နေသလိုထင်ရ၏။

ပျက်စီးနေသောရဲတိုက်အတွင်းတွင်
လူရာပေါင်းများစွာ စုဝေးနေကြပါသည်။သူတို့အားလုံးသည် ထိခိုက်မှုများကြောင့်
ပျက်စီးနေသော ကြေးဝါရောင်မှော်ချပ်ဝတ်တို့ကို ဝတ်ဆင်ထားကာ သွေးကဲ့သို့ ရဲရဲနီသော ဝတ်ရုံကြီးများကို ခြုံထားပါသည်။ အချို့က ဂုဏ်ရောင်ထွန်းပြောင်သော ခြင်္သေ့နီကြီး၏တံဆိပ်ပါသော အလံကို ကိုင်ဆောင်ထားကြပါသည်။

မှန်ပေသည်။ ထိုလူများကား သွေးခြင်္သေ့နိုင်ငံမှ အသက်ရှင်ကျန်ရစ်သူများပင်။ သူတို့ရောက်နေသော ရဲတိုက်အိုကြီးမှာ
မဟူရာကျောက်တုံးနိုင်ငံနန်းမြို့တော်
အပြင်ဖက်တွင်ရှိသော မေ့လျော့ခံ သူကောင်းမျိုးနွယ်တစ်ခု၏ ရဲတိုက်ဟောင်းဖြစ်ပါသည်။

ယခုသွေးခြင်္သေ့စစ်တပ်မှ လက်ကျန်လက်တစ်ဆုပ်စာ စစ်သည်များအားလုံးစုဝေးရောက်လာကြသည်။ ကံကောင်း၍
မသေဘဲ လွတ်လာသည့် သူကောင်းမျိုးတချို့လည်းပါသည်။ သူတို့က ဝတ်ရုံနီကြီးများကိုခြုံကာ ရဲတိုက်အတွင်းသို့တိတ်ဆိတ်စွာ ဝင်သွားကြ၏။

ရဲတိုက်ကြီး၏ ခန်းမအလယ်တွင် တစ်ချိန်က ခမ်းနားခဲ့ပုံရသော ကြေးထိုင်ခုံကြီးတစ်ခု ရှိနေခဲ့သည်။ ဘုရင်များ၏
တော်ဝင်ပလ္လင်တော်မဟုတ်သော်လည်း
အတန်အသင့်တော့ ခမ်းနားခဲ့မည်ပုံပင်။

Code15:What is wrong with my daughterTempat cerita menjadi hidup. Temukan sekarang