Chapter 46

47 7 0
                                    

Code 15:Greatest Mistake
Chapter 46- နတ်တစ်ပိုင်းများ၏
တိုက်ပွဲ (၂)

​မျက်နှာရှည်ရှည်နှင့်ဗလကောင်းကောင်း
လူက သူ၏ကိုယ်ကိုလှည့်လိုက်ရာ ဧရာမသားပိုက်ကောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

"ဂြိုဟ်ကမ္ဘာဖြိုခွဲလက်သီးသိုင်း...."

သူ၏လက်နှစ်ဖက်က အနောက်တိုင်းဘောက်ဆင်စတိုင်အတိုင်း လှုပ်ရှားသွားပြီး ကောင်းကင်ရှိ ဂြိုဟ်သိမ်များကိုပင်
ဖျက်ဆီးပစ်နိုင်မည်ဟုထင်ရသော လက်သီးထိုးချက်များကို ထုတ်ဖော်လိုက်သည်။

ခွန်အားသက်သက်သာပါဝင်သော်လည်း
လောကဓာတ်စွမ်းအားများက သူတို့၏သဘာဝရန်သူကို တွေ့ရသည့်အလား ထွက်ပြေးကုန်ကြသည်။

ဝတ်ရုံဖြူဝတ် ပိန်ပိန်ပါးပါးအကြီးအကဲကတော့ ဓားမြှောင်တစ်ချောင်းကိုင်ကာ
လှည့်လည်သွားလာနေသည်။ သူကလက်သီးချက်များ၏ရန်ကို မကြောက်သလိုမျိုး
လှုပ်ရှားနေ၏။

သူက ဘုရားကျောင်း၏သုတေသနပညာရှင် ထန်မိုဖြစ်၏။ သူ၏တိုက်ပွဲစွမ်းအားမှာ အားနည်းသော်လည်း အလွယ်တကူသတ်ဖြတ်၍ရသောလူတစ်ယောက်မဟုတ်ပေ။

သူ၏ဝတ်ရုံ လေတွင်ခါယမ်းသွားတိုင်းတွင် ခရမ်းရောင်အဆိပ်ငွေ့များထွက်ပေါ်လာပြီး အဆိပ်မြွေနက်များအဖြစ်
ပြောင်းလဲသွားကာ ဧရာမသားပိုက်ကောင်ကြီးထံ ပြေးသွားသည်။သားပိုက်ကောင်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။ ထိုအဆိပ်မြွေများ၏အငွေ့အသက်က သူ့၏စိတ်ဝိညာဥ်အတွင်းထိတိုင်အောင် ခြိမ်းခြောက်နိုင်စွမ်းရှိနေသည်။

"ငါ့ရဲ့ဝိညာဥ်ပျက်စီး အဆိပ်မှုန့်ဒဏ်ကို
ခံစားကြည့်စမ်း။"

သားပိုက်ကောင်ကြီးက နေရာမှရွှေ့ကာ
အဆိပ်မြွေများအကိုက်မခံရအောင် ရှောင်ပြေးနေသည်။ သူကအထက်စည်းမှအောက်စည်းသို့ရောက်သွားသည်။

"ဝါးမျိုစမ်း..." ရုတ်တရက် စုပ်ယူအားတစ်ခုက ရောက်ရှိလာပြီး အဆိပ်မြွေများက အနက်ရောင်ဝဲကတော့ထဲဝင်ရောက်ပျောက်ကွယ်သွားသည်။ ထန်မိုက မျက်နှာကြီးရှုံမဲ့သွားသည်။

"ညီလေးငါး၊ အဆင်ပြေရဲ့လား။ ခေါင်းပြောင်ပြောင်နှင့်သက်လတ်ပိုင်းတစ်ယောက်က ရောက်ရှိလာသည်။
သူက အစားကြူးမိကျောင်းဖြစ်သည်။
ဧရာမသားပိုက်ကောင်ကြီးက လက်မထောင်ပြလိုက်သည်။ ခေါင်းတုံးကြီးကလည်း သူ၏မူလပုံစံသို့ပြောင်းလဲလိုက်သည်။ နဂါးဘုရင်နှင့်အကောင်ချင်းယှဥ်နိုင်သည့် ဧရာမခေါင်းတိုမိကျောင်းကြီးက လေထဲတွင်ပေါ်လာသည်။

Code15:What is wrong with my daughterWo Geschichten leben. Entdecke jetzt