Chapter 28

57 7 0
                                    

Code 15:Greatest Mistake
Chapter 28- နဂါးမင်းတော့ Loliလေး
ခါးပိုက်ပိုက်မိလေပြီ

"မင်းတို့အားလုံး ဒီအရှေ့ခြမ်းရဲတိုက်မှာ
နေလို့ရတယ်။ ဒါပေမဲ့ အဲဒီတံခါးကိုကျော်ပြီး မဝင်မိစေနဲ့။ ရှေးပညာရှိရဲ့
မြေအောက်ရတနာသိုက်က အန္တရာယ်များတဲ့နေရာပဲ။"

နဂါးကြီးတိုက်ဖုန်းက ဧရာမကြေးတံခါးကြီးကို လက်ညိုးညွန်လိုက်ရင်း နှလုံးလှရေကန်တပည့်များကို ပြောလိုက်သည်။
ထို့နောက် ယုန်မလေးကို လက်ပေါ်တင်ပြီး သူနေသော ဧရာမခန်းမကြီးထံသို့သွားသည်။

စင်သီယာက ရုတ်တရက် ကောက်ကျစ်စွာပြုံးလိုက်ပြီး ဓားအစေခံကြီး သတိမထားမိခင် စုန်းမလေး၏တောက်ပခြင်းကျင့်စင်မှ အသံတိတ်ကိုယ်ဖျောက် ပညာရပ်ကို ထုတ်သုံးပြီး ခန်းမထဲသို့
လိုက်ဝင်သွားသည်။ ခန်းမတံခါးကြီး ပိတ်သွားချိန်တွင် စင်သီယာလေးမှာ ခန်းမအတွင်းရောက်နေပြီဖြစ်သည်။

"ဝါး..."

ခန်းမအတွင်းတွင် ရွှေဒင်္ဂါးပြားများနှင့်
ကျောက်မျက်ရတနာများက တောင်လုံပုံနေပြီး ရှေးကျပုံရသော သေတ္တာကြီးများလည်းရှိနေသည်။ နဂါးတိုက်ဖုန်းကတော့
ယုန်မလေးကိုခေါ်ပြီး ရွှေပုံကြီးတစ်ပုံကိုတူးဆွနေသည်။

"ငါမှတ်မိသလောက် သက်စောင့်နတ်ဆေးကို ဒီအပုံအောက်မှာထားခဲ့တာ။
ငါအိပ်နေတုန်း နေရာရွေ့သွားရင်တော့မသိဘူး။"

ထိုအချိန်တွင်တော့ စင်သီယာက တောင်လိုပုံနေသော ရွှေဒင်္ဂါးများကို သူ၏သိုလှောင်အိတ်ထဲ ကောက်ထည့်နေပြီး အမျိုးမျိုးသောကျောက်မျက်ရတနာများကိုလည်း စမ်းသပ်ကြည့်နေသေးသည်။

"ဒါက မီးတောက်ကျောက်မျက်ပဲ၊
မဟူရာကျောက်တုံးနိုင်ငံရဲ့ဖီးနစ်သရဖူအတွဲမှာတောင် အတုံးသေးသေးလေးတွေပဲ မြုပ်နှံထားတာ။ သူ့ဆီမှာလက်ဖက်ရည်ပန်းကန်လုံးလောက်ကြီးရှိတယ်။"

"ဝိုးဟိုး... ဒါက ပျောက်ဆုံးနေတဲ့ နှင်းမုန်တိုင်းလှံမဟုတ်လား။ ချီး....အာပုပ်နံနံလိုက်တာ။ ငတုံးနဂါးက ဒါနဲ့သွားကြားထိုးနေတာထင်တယ်။"

"အဟေးဟေး... ဒါက ကောင်းကင်အဆင့်မှော်ရတနာ လမ်းပြကြေးမှုန်မဟုတ်လား။ ဒါနဲ့ဆိုဘယ်အပျက်အစီးနယ်မြေကိုသွားသွား အသက်ရှင်နိုင်ခြေအမြင့်ဆုံးလမ်းကို ညွန်ပြပေးနိုင်တယ်။ ယူလိုက်ပြီ။အာဘွား။"

Code15:What is wrong with my daughterDonde viven las historias. Descúbrelo ahora