BC 3

33 4 0
                                    

Code 15:Greatest Mistake
Bonus Chapter 3- ဝံပုလွေ၏ချစ်
ခြင်း (၃)

အနက်ရောင်ဆံပင်ရှည်များနှင့် လွန်စလှပသော မိန်းကလေးတစ်ယောက်က
အလွန်စိတ်လှုပ်ရှားစွာဖြင့် ဧရာမရွှေရောင်တံခါးကြီး၏ရှေ့တွင် ရပ်နေ
သည်။ သူ၏နှုတ်ခမ်းလေးများက ရဲရဲ
နီနေပြီး မှန်လေးတစ်ချက်ကို လက်က
ကိုင်က မိမိမျက်နှာကို သေချာကြည့်
နေ၏။

"ငါညမအိပ်တာများလို့ မျက်တွင်းတွေများ ချိုင့်ဝင်နေသလား။ ညီလာခံက
မှူးမတ်တွေ ငါ့ကို​တော်တော်ရုပ်ဆိုးတဲ့
မိန်းမလို့ ထင်သွားရင်ဘယ်လိုလုပ်မလဲ။"

ခရိုလီတာက ပါးဖောင်းဖောင်းလေးကို
လက်ဖဝါးဖြင့်စမ်းလိုက်ရင်း ရေရွတ်
နေသည်။ နှစ်နှစ်ဆယ်ခန့် ကြိုးစားပြီး
နောက် နောက်ဆုံးတွင် အောင်မြင်မှု၏
အသီးအပွင့်ကို သူခံစားနိုင်ပြီဖြစ်၏။

မဟူရာကျောက်တုံးနိုင်ငံ၏ဘုရင်ကြီး ဖီး
လစ် (၃)က အနုပညာကို လွန်စွာတန်ဖိုး
ထားသည်။ မိဖုရားကြီး ရိုဆီလီယာကလည်း စာပေနှင့်ပန်းချီကို အထူးမြတ်နိုးကြ၏။ နန်းစံသက် နှစ်သုံးရာကျော်အတွင်း သူတို့နှစ်ယောက်၏တစ်နှစ်တာအသုံးစရိတ်အတွင်းမှ ရွှေဒင်္ဂါး ၅၀၀၀ ဖယ်ချန်ကာ နိုင်ငံအတွင်း တစ်နှစ်တာအတွင်းထွက်ရှိခဲ့သော စာအုပ်များအနက် အကောင်းဆုံးစာအုပ်တစ်အုပ်ကို ရွေးချယ်ကာ ရွှေကလောင်ဆု ပေးအပ်လေ့ရှိသည်။

ခရိုလီတာသည် အသက်ငါးနှစ်အရွယ်မှ
စတင်ကာ မဟူရာကျောက်တုံးဘာသာ
စကားကို ကျွမ်းကျင်ခဲ့ပြီး ဝတ္ထုများကို
ဆယ်နှစ်အရွယ်ခန့်တွင် စတင်ရေးသားခဲ့
သည်။

သူ့အသက် ဆယ့်ငါးနှစ်ခန့်တွင် သူနေထိုင်ရာ ဇာတိမြို့လေး၌ ပါရမီရှင်
စာရေးဆရာမလေးအဖြစ် စတင်ကျော်
ကြားလာ၏။ ပုံနှိပ်လုပ်ငန်းနှင့်ပတ်သက်
၍ တိုင်းပြည်ရှိပညာရှင်များက စတင်တီ
ထွင်ကြံစနေဆဲကာလသာဖြစ်ရာ မဟူရာ
ကျောက်တုံးဂေဇက်သတင်းစာကိုပင်
အစောင်ရေများစွာ မရိုက်နှိပ်နိုင်သေး
သောကာလဖြစ်၏။

ခရိုလီတာ၏မိခင်ကြီးနှင့်ဖခင်လေး
တို့က သမီးလေးကိုတုန်နေအောင်ချစ်
ကြသည်။ မိခင်ကြီးလင်ဒါမှာ နတ်သူငယ်တစ်ဝက်ဖြစ်ပြီး ဖခင်ကြီးသောမက်မှာ
တော့ ကျိန်စာတစ်ခုကြောင့် စုံထောက်
လေးကိုနန်ကဲ့သို့ပင် အသက်ဆယ့်လေး
နှစ်အရွယ်မှစကာ ရုပ်ပိုင်းဆိုင်ရာအရ
ကြီးမလာတော့ပေ။

Code15:What is wrong with my daughterWhere stories live. Discover now