BC 7

50 2 0
                                    

Code 15:Greatest Mistake
Chapter 7- မီးဖိုချောင်စောင့်ဖွားဖွား

ခရိုလီတာကတော့ မက်မွန်မြို့ပြင်ဖက်
ရွာတစ်ရွာရှိ အဖွားအို၏ဆိုင်ငယ်လေး
အတွင်းမှ ထွက်သွားရန် ပျင်းရိနေ၏။
မူလက မဟူရာကျောက်တုံးဧကရာဇ်နိုင်
ငံအနေဖြင့် သူ့ကိုကမ္ဘာအဆုံးထိလိုက်ဖမ်းတော့မည်ဟု ထင်နေခဲ့မိသည်။

ဧကရာဇ်နိုင်ငံတစ်ခုအနေဖြင့် မဟူရာ
ကျောက်တုံးက အကြွင်းမဲ့သောဩဇာကို
ပိုင်စိုးသည်။ ပတ်ဝန်းကျင်ရှိနိုင်ငံများအ
နေဖြင့် သူတို့၏စကားကို အလွယ်တကူ
မဆန့်ကျင်ရဲကြပေ။ နှလုံးလှနတ်ရေကန်
နိုင်ငံက ဘုရင့်နိုင်ငံများအနက် အတော်
အတန်အင်အားကောင်းသည်ဟု ဆိုနိုင်
သော်လည်း နိုင်ငံနှစ်ခု၏ဆက်ဆံရေး​ချိန်ခွင်လျှာအရ မဟူရာကျောက်တုံးမှ
တောင်းဆိုသည့်အချက်များကို မလိုက်
လျောပေးဘဲ မနေနိုင်ပေ။

စစ်ကြေငြာရဲသည့် နန္ဒဘုရင့်နိုင်ငံကတော့လား။ ထိုတိုင်းပြည်ရှိလူများက
​ကျားသစ်အသားကိုစင်းကောချက်ပြီး
နဂါးအသည်းအမြစ်ဟင်းကို နေ့တိုင်း
စားနေရပုံပေါ်၏။ အတော်သတ္တိကောင်း
သူများပင်။

ကောင်းကင်ဥက္ကာခဲကမ္ဘာပေါ်၌ သီယွန်
နပ်ဘုရားကျောင်းမှလွဲလျင် ဧကရာဇ်နိုင်ငံသုံးခုမှာ ပြိုင်ဖက်ကင်းမဟုတ်လော။

"ကဲ၊ မြေးမလေးဖို့ အသားနီနှပ်တစ်ပွဲ
ရပြီ။ ဟောဒါက မနေ့ကစားချင်တယ်
ဆိုတဲ့ ဥထမင်းကြော်။ ထမင်းလည်းစား၊
အသားချည်းစားမနေနဲ့။ အဟာရမဖြစ်ဘဲနေလိမ့်မယ်။"

"ဟုတ်ဖွားဖွား..."

ခရိုလီတာကတော့ မိမိကိုယ်မိမိ ရတနာ
တောင်ပုံကြီး​ပေါ် ထိုင်နေရသကဲ့သို့ဖြစ်
နေ၏။ အနေစုတ်ပေမဲ့ ရွှေထုပ်သည့်မြ
ပုဝါဆိုသည့် ရှေးစကားပုံကိုပင် အမှတ်ရ
သွားသည်။

ဆိုင်ရှင်ဖွားဖွား၏ဟင်းများက ဘုရင့်စား
တော်ပွဲမှ ဟင်းများထက်ပိုကောင်း၏။
အလကားမြှောက်ပြောချင်းမဟုတ်ဘဲ
ခရိုလီတာကိုယ်တိုင် မိဖုရားကြီးသနား
တော်မူသည့် ပွဲတော်အုပ်တချို့ကို စားဖူး
၍သိနေခြင်းဖြစ်သည်။

Code15:What is wrong with my daughterUnde poveștirile trăiesc. Descoperă acum