2nd Anniversary

49 9 0
                                    

စာရေးသူထံမှကျေးဇူးတင်လွှာနှင့်မျက်နှာဖုံးပုံအသစ်

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ စင်သီယာလေးရဲ့ဖန်တီးရှင် သော်လွင်ကိုကိုပါခင်ဗျ။ ခင်ဗျားတို့အားလုံးရဲ့အားပေးမှုကြောင့် စင်သီယာလေးရဲ့ဝတ္ထုပြီးသွားတာတောင်မှ ယနေ့အထိဇာတ်လမ်းအသစ်တွေ အများကြီးဖန်တီးရင်း ရှေ့ဆက်နေနိုင်ခဲ့တာပါ။

တကယ်တော့ စင်သီယာလေးရဲ့ဝတ္ထုကို ကျွန်တော့်ရဲ့တခြားဝတ္ထုအဟောင်းတွေလိုပဲ လူတစ်ယောက်နှစ်ယောက်လောက်ပဲဖတ်ပြီး အားပေးမယ့်သူမရှိလောက်ဘူးလို့ ထင်ထားခဲ့တာပါ။ ကျွန်တော်က စင်သီယာလေးဝတ္ထုကို မရေးခင်မှာ မမကျဲကျဲနဲ့ဆောင်ဟိုင်ဝတ္ထုလတ်ကလေးတွေရေးခဲ့ဖူးပေမဲ့ ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းတွေပဲ ဖတ်ကြတာဖြစ်ပါတယ်။

စိတ်ဓာတ်ကျနေတာကြောင့် အဲဒီအချိန်က Age of Hellနဲ့Tears of Heroes ဝတ္ထုနှစ်ခုကိုကျွန်တော်ဆက်မရေးနိုင်ဘဲ ပစ်ထားခဲ့ရပါသေးတယ်။ အမှန်ပြောရရင် စင်သီယာဝတ္ထုကိုရေးနေတုန်းက ကျွန်တော့်ရဲ့တခြားဝတ္ထုတွေလိုပဲ အဆုံးမသတ်နိုင်ဘဲ ဖြစ်သွားမယ်လို့ ထင်ထားခဲ့တာပါ။

ဒါပေမဲ့ အားလုံးရဲ့အားပေးမှုနဲ့အတူ ရှေ့ဆက်နိုင်ခဲ့ပြီး အခုလိုမျိုးလှလှပပ ဇာတ်သိမ်းခဲ့တာ ပြန်တွေးကြည့်ရင် မယုံနိုင်အောင်ပါပဲ။

အခုတော့ ကျွန်တော့်ရဲ့အပြီးမသတ်ရသေးတဲ့ ဝတ္ထုတွေကို အဆုံးသတ်ဖို့ပြန်လုပ်နေပြီဖြစ်လို့ ပိုခိုင်ခံတဲ့ ဇာတ်လမ်း​နောက်ခံမျိုးပါဝင်တဲ့ 'ငါက သူရဲကောင်းဖြစ်ချင်ရုံပါ'ဝတ္ထုကိုလည်း ဆက်လက်ရေးသားနေပါတယ်။

ဒီဇင်ဘာခြောက်ရက်နေ့ ၂၀၂၁ခုနှစ်မှာ စင်သီယာလေးဝတ္ထုကို Wattpadမှာ ပထမဆုံးစတင်ခဲ့တာဖြစ်လို့ ဒီနှစ်ဒီဇင်ဘာမှာ 2nd Anniversary ကျရောက်မှာဖြစ်ပါတယ်။ ဒီအတွက်လည်း အားတစ်ဆန် [Soko's art] ဆီမှာပုံအပ်ထားပြီး Ablum ချိန်းထားပါတယ်ဗျ။

Bonus Chapter တစ်ခုခုလာမလားတော့ မပြောတတ်သေးပေမဲ့ နှစ်ပတ်လည်နေ့မှာ တစ်ခုခုထူးခြားတာလေးလုပ်ပေးဖို့တော့ စဥ်းစားထားပါတယ်။

အခုအထိ ဖတ်ရှုအား​ပေးနေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

သော်လွင်ကိုကို

သော်လွင်ကိုကို

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

Artist - Soko's artWarning: စာရေးသူနဲ့artistခွင့်ပြုချက်မရှိဘဲ တခြားတစ်နေရာရာမှာ ဘယ်ပုံဘယ်နည်းနဲ့မှ စီးပွားဖြစ်ပြန်သုံးခွင့်မရှိပါဘူး။ Profile photoတင်တာဖြစ်ဖြစ် saved ထားတာဖြစ်ဖြစ်တော့ အဆင်ပြေပါတယ်။

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.


Artist - Soko's art
Warning: စာရေးသူနဲ့artistခွင့်ပြုချက်မရှိဘဲ တခြားတစ်နေရာရာမှာ ဘယ်ပုံဘယ်နည်းနဲ့မှ စီးပွားဖြစ်ပြန်သုံးခွင့်မရှိပါဘူး။ Profile photoတင်တာဖြစ်ဖြစ် saved ထားတာဖြစ်ဖြစ်တော့ အဆင်ပြေပါတယ်။

Code15:What is wrong with my daughterOnde histórias criam vida. Descubra agora