Chapter 37

45 8 0
                                    

Code 15:Greatest Mistake
Chapter 37- သမီးလေးဖြစ်ချင်တဲ့ဆန္ဒ

မဟာမိတ်စစ်တပ်က တဖြည်းဖြည်းအရေးနိမ့်လာခြင်းနှင့်အတူ ဝီလီယံမှာ
ခေါင်းကိုက်လာခဲ့သည်။

သူသည် နဂါးအဆင့်ပညာရှင်တစ်ဦးသာဖြစ်နေသော်လည်း မဟာမိတ်၏အရေးပါသော ဗျူဟာရှင်တစ်ယောက်ဖြစ်နေခဲ့သည်။ အလွန်သိသာစွာပင် မဟူရာကျောက်တုံးနိုင်ငံ၏နယ်စားများသည်
ကြွ​က်သားဦးနောက်များသာဖြစ်ပြီး သူတို့၏စွမ်းအားကြောင့်သာ နိုင်ငံကနယ်စားအရာပေးထားခြင်းဖြစ်သည်။ ဝီလီယံ၏ဖခင် ယခင်နယ်စားကြီးပင်အလားတူဖြစ်၏။

သို့နှင့် ငယ်စဥ်ကတည်က တော်ဝင်ကျောင်းတော်ရှိ ရှိသမျှဘာသာရပ်များတွင် ပထမရထားသော ဉာဏ်ကြီးရှင်ဝီလီယံမှာ မဟာမိတ်ဗျူဟာမှူးရာထူးကို ရယူရန် အတင်းဖိအားပေးခြင်းခံလိုက်ရ၏။

ပုံမှန်အားဖြင့် တပ်မဟာများ၏စစ်ကြောင်းမှူးများမှာ ဗိုလ်ချုပ်အဆင့် သူတော်စင်ကြီးများဖြစ်ပြီး နဂါးအဆင့်ပေါက်စလေး၏စကားကို နားမထောင်ချင်ကြပေ။ သို့သော် နဂါးဘုရင်ကိုကိုင်ပေါက်နိုင်ပြီး သူတော်စင်တစ်ရာကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူနိုင်သည့် ချစ်လှစွာသောဇနီးဆိုးလေးတည်ရှိနေခြင်းက သူ့အတွက် ကံကောင်းမှုဖြစ်ခဲ့သည်။ စစ်သူကြီးအများစုက မိုနဲနှင့်တွေ့ရမည့်အရေးထက် ကလေးပေါက်စတစ်ယောက်၏အမိန့်များကိုသာ နာခံရန်ရွေးချယ်ခဲ့ကြလေသည်။

ဝီလီယံက စစ်မြေပြင်သရုပ်ဖော်မြေပုံပေါ်မှ အမှတ်အသားများကို စိတ်ဓာတ်ကျစွာဖြင့်ကြည့်နေသည်။ ဒီမိုင်ယာခရိုင်သည်
အချိန်မရွေးကျိုးပြတ်တော့မည့် ကြိုးတစ်ချောင်းနှင့်တူနေသည်။ ထိုနယ်​မြေသာကျသွားပါက သူနှင့်ထိစပ်နေသော ခရိုင်သုံးခုလုံးမှာ စစ်မြေပြင်ဖြစ်လာမည်ဖြစ်သည်။ စစ်မြေပြင်က ကျယ်ပြန့်လေလေ ထိန်းသိမ်းရခက်လေဖြစ်သည်။ ထို့အပြင် ခံစစ်စည်းကိုလည်း ပြန်ဖွဲ့ရန်လိုအပ်ပေလိမ့်မယ်။

လက်ရှိတိုက်ပွဲ၏အဆုံးအဖြတ်က သူတော်စင်အဆင့်များလက်ထဲတွင်ရှိနေသော်လည်း နယ်​မြေစစ်ပွဲကို တိုက်ရိုက်လွှမ်းမိုးနိုင်စွမ်းရှိသူများက အောက်ခြေအဆင့် တပ်မဟာများဖြစ်သည်။

Code15:What is wrong with my daughterWhere stories live. Discover now