BC 5

42 2 0
                                    

Code 15:Greatest Mistake
Bonus Chapter 5- ဦးဝံပုလွေကြီး

ထိုအချိန်တွင်တော့ ဦးလေးကြီးဗစ်တာမှာ လိုဂန်ဟုအမည်တုသုံးကာ စွန့်စားသူ
အဖြစ်တစ်မြို့ဝင်တစ်မြို့ထွက် တာဝန်မစ်ရှင်များကို လိုက်လံရှင်းလင်းနေ၏။

တခြားကမ္ဘာသို့ရောက်ပြီး လအနည်းငယ်
ကြာပြီးနောက် မာဃအွန်လိုင်းဂိမ်းမှာ အမြင့်ဆုံးအဆင့်ကန့်သတ်ချက် သားရဲထိပ်
ဆုံးအဆင့်မှ ချိုးဖောက်ထွက်ပြီး နဂါးအဆင့်သို့ ရောက်လာလေပြီ။

ယခုကမ္ဘာ၏ကန့်သတ်ချက်မှာ နတ်တစ်ပိုင်းအဆင့်ဖြစ်ပြီး နဂါးအဆင့်များ
မှာ ပိုးကောင်ငယ်လေးများနှင့်တူကြောင်း
သတိထားမိလာချိန်တွင် လိုဂန် (ဝါ) ဗစ်တာ ဝင်းသားရို့စ်မှာ ကြိုးစားကျင့်ကြံရန်
ဆုံးဖြတ်ထားလေတော့သည်။

ဦးလေးကြီးမှာ ချာရက်မြို့ထဲသို့ ကလေးမလေးတစ်ယောက်ကို ချိုင်းကြားညှပ်ပြီး
ခေါ်လာသည်။ ထိုကလေးမလေးက မစ်
ရှင်အောင်မြင်ကြောင်း သက်သေပင်။ ​
ဓားပြအုပ်စုတစ်စုက ကုန်သည်တစ်ယောက်၏သမီးကို ဖမ်းခေါ်သွားပြီး ပြန်
ပေးဆွဲခဲ့သည်။ ပျင်းနေသော လိုဂန်က
ထိုမစ်ရှင်ကို သူအထပ်လိုက်ယူထားသော
မစ်ရှင်လက်ခံစာရွက်များအနက် တစ်ခုမှ
တွေ့ခဲ့ပြီး သွားကယ်ခဲ့ခြင်းဖြစ်၏။

စိတ်ဝိညာဥ်အဆင့် ဓားပြအုပ်စုမှာ ဘယ်ကရောက်လာမှန်းမသိသော နဂါးအဆင့်
ဆရာကြီး၏ပယ်ပယ်နယ်နယ်ရိုက်နှက်
ခြင်းကိုခံရကာ အသက်ပျောက်သွားကြ
​လေပြီ။

"ဟားဟား... ဒီအတိုင်းဆို နှစ်ခြောက်ဆယ်စက်ဝန်းအတွင်း နဂါးအလယ်အဆင့်ကို တက်နိုင်လိမ့်မယ်။"

လိုဂန်မှာ အသက်ကြီးမှကျင့်ကြံခြင်းစတင်ခဲ့သူဟု သတ်မှတ်နိုင်သည်။ အသက်လေးဆယ်နားနီးမှ ဗာဃအွန်လိုင်းစဆော့မိပြီး ကမ္ဘာခြားရောက်လာ
ခြင်းပင်။ ထို့ကြောင့်လောကသုံးပါး ပေါင်းကူးကုမ္ပဏီ၏ကျင့်ကြံခြင်းပေါင်း
ကူးပရောဂျက်မှအကျိုးအမြတ်အား အပြည့်အဝမရခဲ့ပေ။

ပေါင်းကူးပရောဂျက်ကား အဘယ်နည်း။
မာဃအွန်လိုင်းသည် ဂိမ်းသက်သက်မဟုတ်ပေ။ ထိုဂိမ်းထဲမှ ရတနာများ၊ဆေးသန့်စင်နည်းစနစ်များ၊ဟင်းချက်နည်းများအားလုံးသည် အစစ်အမှန်ဖြစ်သည်။
အလားတူပင် ကျင့်ကြံခြင်းနှင့်အဆင့်တက်ရန်နည်းများပင် အစစ်အမှန်ကျင့်
ကြံခြင်းသီအိုရီများကို သုံးထားခြင်းဖြစ်
၏။ ထို့ကြောင့် သေမျိုးလူသားများပင်
ဉာဏ်အလင်းပွင့်ပြီး ကျင့်ကြံသူဖြစ်လာ
နိုင်သော အခွင့်အရေးရှိ၏။

Code15:What is wrong with my daughterWhere stories live. Discover now