Chapter 31

65 9 0
                                    

Code 15:Greatest Mistake
Chapter 31- စစ်ပွဲ၏ အငွေ့အသက်များ

နဂါးတိုက်ဖုန်းက လူပုံစံပြောင်းထားပြီး
ခါတိုင်းထက် အရှိန်အဝါမှာအားနည်းနေသည်။ မိုနဲက လက်ရည်စမ်းသည့်သဘောဖြင့် တိုက်ခိုက်ရုံသာဖြစ်သောကြောင့် ဒဏ်ရာကြီးကြီးမားမားရမသွားပေ။ သို့သော် ကြောက်ရွံသည့်ခံစားချက်က နှလုံးသားထဲတွင် အမြစ်တွယ်ကျန်နေရစ်သည်။

သူတို့နှစ်ယောက်လုံးက နတ်တစ်ပိုင်းပြီးပြည့်စုံခြင်းအဆင့်များဖြစ်သည်။ သို့သော် မိုနဲ၏စွမ်းအားအခြေခံက ကြောက်ခမန်းလိလိ သန်မာပြီး အသုံးပြုသည့်နည်းစနစ်အဆင့်များကလည်း ကွာခြားနေခဲ့သည်။ ကောင်းကင်အဆင့်နည်းစနစ်များက နတ်ဘုရားအဆင့်နည်းစနစ်ရှေ့တွင် အမှိုက်သာသာသဘောသာရှိသည်။

တိုက်ဖုန်းက မြေပြင်တွင်လေးဖက်ထောက် အနေအထားနှင့်
ဖြစ်နေပြီး နဖူးမှအေးစက်စက်ချွေးများ
စီးကျနေသည်။ သူ့တစ်ကိုယ်လုံး ချွေးများဖြင့်စိုရွဲနေပြီး ပါးစပ်ထောင့်တွင်
ခြောက်သွေ့နေသော သွေးစီးကြောင်းအရာကိုပင် တွေ့နိုင်သည်။

မိုနဲက သူ၏ညစ်ပတ်နေပြီဖြစ်သော
ပိုးသားဝတ်ရုံရှည်ကို ဖုန်ခါလိုက်သည်။
လှုပ်ရှားလိုက်သည့်အခါအတိုင်း တုန်ခါနေသည့် ရင်သားများနှင့်ဖြူဝင်းဝင်းလက်မောင်းကလေးများက ယောကျ်ားလေးများရော မိန်းကလေးများကိုပါ စိတ်ဝင်စားလာစေနိုင်သည်။

"နင့်ရဲ့အခြေခံက မဆိုးပါဘူး။ အဆင့်မြင့်ကမ္ဘာကြီးတွေမှာတောင် ပါရမီရှင်အဆင့်ဝင်လောက်တယ်။ နောက်နှစ်တစ်ထောင်လောက်ကြိုးစားရင် ကပ်​ဘေးအောင်ဖို့ဖြစ်နိုင်တယ်။ ကောင်းကောင်းကြိုးစား။"

ဒေါသနဂါးမှာ ကောင်းကင်ဥက္ကာခဲကမ္ဘာတွင် ထိပ်သီးအဆင့်ပညာရှင်တစ်ယောက်ဖြစ်သော်လည်း မိုနဲ၏စကားများကို အသာတကြည်နာခံစွာဖြင့် နားထောင်နေရသည်။

မည်သို့ဆိုစေကာမူ ကောင်းကင်ဥက္ကာခဲကမ္ဘာသည် အလယ်အလတ်အဆင့်သို့ရောက်သည်ဆိုရုံသာ ရောက်နေသည့်ကမ္ဘာတစ်ခုဖြစ်ပြီး ကောင်းကင်နတ်တစ်ပါး ပေါ်ထွန်းဖူးသော အဆင့်မြင့်ကမ္ဘာအ​ကြောင်း ကြားဖူးသည်မှာပင် အလွန်ကံကောင်းပေသည်။

Code15:What is wrong with my daughterWhere stories live. Discover now