Chapter 19

67 8 0
                                    

Code 15:Greatest Mistake
Chapter 19- စွန့်စားခန်းခရီးစပြီ။

မဟူရာကျောက်တုံးနိုင်ငံ၏ ဘုရင့်နန်းတော်ထဲတွင် မှူးမတ်များ၊သူကောင်းမျိုးများနှင့် တော်ဝင်မိသားစုဝင်များ စုဝေးနေကြသည်။ သူတို့အားလုံးက
ဒူးထောက်နေကြခြင်းဖြစ်ပြီး ပလ္လင်ပေါ်မှ
ဧကရာဇ်ဖြစ်သူ ဝီလီယံကိုကြည့်နေကြသည်။ ဝီလီယံက သူ၏ရှေ့မှဒူးမထောက်ဘဲ ခါးထောက်ပြီးရပ်နေသော အသေးမလေးကိုကြည့်ကာ ချောင်းဟန့်လိုက်သည်။

"နယ်စားသမီးတော်၊ တူမတော် စင်သီယာ ဂေဗာ ဆေးဗား။ ဒီနေ့မှာ အရွယ်ရောက်အခမ်းအနားကျင်းပဖို့အတွက် ငါကိုယ်တော်ကိုတောင်းဆိုမှာ
သေချာရဲ့လား။"

ကောင်မလေးက ခါးကိုထောက်ကာ ဧကရာဇ်ရှေ့တွင်ပင် မော်ကြွားနေပြီး
ခါးမှမြှောက်ကာ တင်ပါးကိုရိုက်ပစ်ချင်စရာကောင်းနေလေသည်။ ကောင်မလေးက

"ဟွန်းဟွန်း... ဒါပေါ့၊ ဦးလေးရိုမီယိုကလည်း။" လက်ရှိဧကရာဇ်၏နောက်တွင်ရှိနေသော ယခင်ဘုရင်ဟောင်းကြီးကတော့ သူ၏တစ်ဝမ်းကွဲမြေးမလေးကိုကြည့်ကာ စိတ်ရှုပ်ထွေးနေသည်။ ဘာမှားစားထားလို့ ဘုရင့်ရှေ့မှာသတ္တိကောင်းနေတာလဲ။ နဂါးသားလား၊ ရွမ်ဝူလိပ်သားလား။ အကယ်၍ရိုမီယိုနေရာတွင် တခြားဧကရာဇ်တစ်ယောက်သာဆိုပါက ခေါင်းပြတ်သွားလောက်ပေပြီ။

ဝန်ကြီးချုပ်အပါအဝင်သူကောင်းမျိုးများမှာ စင်သီယာလေးကို ကူရာမဲ့စွာဖြင့်ကြည့်နေကြသည်။

"အဟမ်း... စင်သီယာ ဂေဗာ ဆေးဗား၊
မဟူရာကျောက်တုံးနိုင်ငံရဲ့ထုံးတမ်းစဥ်လာအရ အမျိုးသမီးဆို ၁၆နှစ်၊ အမျိုးသားဆို ၁၈နှစ်မှ အရွယ်ရောက်တယ်လို့သတ်မှတ်တာ သိပါတယ်နော်။"

"ဒါပေါ့၊ ဒါပေမဲ့ သမီးကအရွယ်ရောက်နေပြီလေ။ ဟောဒီမှာကြည့်။" စင်သီယာကတော့ ခါးကိုချာခနဲခါယမ်းကာ ခေါင်းကိုပါယမ်းလိုက်သည်။ နှစ်ဖက်ခွဲစီးထားသည့် ဆံပင်များကလှုပ်ယမ်းနေပြီး လုံးဝန်းစယုန်ပေါက်ကလေးများကလည်း
တလှုပ်လှုပ်။ ဘုရင်ရိုမီယိုမှာ စိတ်ပျက်လက်ပျက်နှင့် သူ့မျက်နှာကိုလက်ဝါးနှင့်အုပ်ထားလိုက်သည်။

Code15:What is wrong with my daughterWhere stories live. Discover now