Chapter 3

138 20 0
                                    

Chapter 3- စွန့်စားသူအသစ်တွေအတွက် တာဝန်က ကြောင်ရှာရတာပဲ။

ရိုမီယိုနှင့်ဝီလီယံတို့နှစ်ယောက်မှာ
အနီးဆုံးမြို့ရှိ စွန့်စားသူအစည်းအရုံးသို့
ရောက်ရှိလာကြသည်။ သူတို့က စွန့်စားသူအချင်းချင်း ဓားပြတိုက်မှုအတွက် တိုင်ကြားရန် ရောက်ရှိလာခြင်းဖြစ်ပြီး
ရိုမီယိုက ဒေါသတကြီးနှင့် ဧည့်ကြိုကောင်မလေးကို အော်ဟစ်ပြောနေသည်။

ကောင်မလေးကတော့ ဖြစ်ကြောင်းကုန်စင်ကို ငါးသေမျက်လုံးကြီးများနှင့်
နားထောင်ရင်း တစ်လုံးချင်းပြန်ပြောလိုက်သည်။

"ကိုယ်ဖြစ်ကိုယ်ခံပဲ၊ ကျွန်မတို့ စွန့်စားသူအစည်းအရုံးက စွန့်စားသူတွေကြားထဲက
ကိစ္စတွေမှာ ဝင်ပါမှာမဟုတ်ဘူး။ ကျွန်မတို့တာဝန်က အလုပ်အပ်လက်ခံပြီး စွန့်စားသူတွေအတွက် ဆုကြေးတွေကို စီမံခန့်ခွဲပေးဖို့ပဲ။"

နောက်ဆုံးတွင်တော့ ပိုက်ဆံတစ်ပြားတစ်ချပ်မှမရှိသော ဝီလီယံတို့နှစ်ယောက်မှာ ကြောင်ပျောက်ရှာတာဝန်တစ်ခုကို ယူခဲ့ပြီးနောက် မြို့ထဲပတ်ကာ
ကြောင်ရှာနေရတော့သည်။

"ဝီလီယံရေ၊ ကြောင်ပျောက်ရှာရတာ
ပျင်းစရာမကောင်းဘူးလားကွာ၊ ဂေါ်ဘလင်လေးဘာလေး သွားခုတ်ရအောင်လား။"

ဝီလီယံကတော့ ရုံးကပေးလိုက်သည့်
ပြေစာကိုကြည့်နေရင်းမှ ရိုမီယိုကိုပြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်မှာတော့ စိတ်ပျက်မှုကအထင်းသား။ 'ငါတော့ ဒီမင်းသားအပေါ် တစ်သက်လုံးသစ္စာရှိပါမယ်လို့ ကျိန်ဆိုခဲ့တာမှားပြီ။'ဟုပင် တွေးမိလိုက်သေး။ သို့သော်ဖြစ်ခဲ့တာက ဖြစ်ခဲ့ပြီမလို့ ဘာမှပြင်မရတော့ပေ။
အသည်းယားလာသောကြောင့် ဝီလီယံမှာမနေနိုင်တော့ဘဲ ရိုမီယို၏ခေါင်းကိုခေါက်လိုက်သည်။

"အား... နာတယ်ဟ။"

"သခင်လေး ရိုမီယို၊ ကျွန်တော်တို့ဓားတွေကို ဟိုကောင်တွေယူသွားတယ်လေ။ ဓားမရှိဘဲ ဂေါ်ဘလင်နဲ့ဖက်နပန်းလုံးမလို့လား။ ကြောင်ရှာပြီး ရတဲ့ဆုကြေးနဲ့ ဓားဝယ်ပြီးမှ စဥ်းစားရအောင်။"

သို့နှင့် ဝီလီယံက မင်းသားကိုဦးဆောင်ပြီး
စာထဲပါသည့် ကြောင်ကိုလိုက်ရှာကြသည်။ မြို့လယ်ခေါင် စျေးထဲဝင်ရလား၊
ဝင်ရရဲ့။ အိမ်ခေါင်မိုးပေါ်တွေ တက်ရလား၊ တက်ရရဲ့။ နောက်ဆုံး လမ်းကြိုလမ်းကြား မြင်းဇောင်းမကျန် လိုက်ရှာရပြန်သည်။

Code15:What is wrong with my daughterWhere stories live. Discover now