Chapter 52

42 7 0
                                    

Code15:Greatest Mistake
Chapter 52: ဒေါက်...ဒေါက်...ဒေါက်။
ဘယ်သူလဲ။ စုန်းမလေးပါ၊ ရှင်တို့အမှောင်ညမဟာမိတ်ကို ပြာချပစ်မလို့
လာခဲ့တာ။

လေထုက ရုတ်တရက်အေးခဲသွားကာ
ဓားငယ်လေးတစ်ချောင်းအဖြစ် ဖွဲ့တည်
လိုက်သည်။ ပိုင်ကျိုးက ချုပ်နှောင်ခံ
ထားရသော်လည်း နောက်ဆုံးကျန်သော
ခွန်အားဖြင့် နိယာမစွမ်းအားကိုထုတ်သုံး
လိုက်သည်။

သို့သော်...
သို့သော်....

ထိုဓားကလေးက ကလေးများခဲတံချွန်သည့် ဓားလောက်သာ ရှိလေသည်။

ပိုင်ကျိုး "O_O"

ချုပ်ထားသည့် ကြေးအလောင်းဂိုဏ်းသား ဆယ့်ရှစ်ယောက် "....."

လေဓားကလေးက သံကြိုးတစ်ချောင်းကို
ဝင်တိုက်ပြီး သခင်ဖြစ်သူကိုကယ်ရန် တိုက်ဖြတ်နေလေသည်။ သို့သော်
လိပ်ကလေးပြေးသလောက်ပင်မမြန်ဘဲကြိုးမပြတ်ခင် ပိုင်ကျိုး နတ်ပြည်တက်သွားရလောက်၏။

"ဟားဟားဟား... ဒါလေးက နိယာမ
စွမ်းအားလား။" ဝူလုံက ဓားသေးသေး
လေးကို ကြည့်ပြီးရယ်မောလိုက်သည်။
ဓားသေးသေးလေးက စိတ်ဆိုးသွားသည့်
အလား ကြိုးဖြတ်နေရာမှ ရပ်တန့်လိုက်ကာ ဝူလုံထံပြေးသွားသည်

"ဟေး...ဟေး...ဓားပေါက်လေး၊ ငါ့ကိုကြိုးဖြတ်ပေးဦးလေ၊ အရူးကြီးရန်စတိုင်း
လမ်း​ကြောင်းပြောင်းမသွားနဲ့။"

ပိုင်ကျိုးက အော်ဟစ်နေသော်လည်း ဓားကလှည့်မကြည့်ပေ ဝူလုံ၏ဆံစတစ်ချို့ကို
ဖြတ်ပစ်လိုက်သည်။ ဟွာစန်းနန်ကတော့
ရယ်ရလွန်းသဖြင့် ဗိုက်ကိုနှိပ်ထားရ၏။

"ဝူလုံ၊ ဒီဓားလေးက ချစ်ဖို့ကောင်းတယ်။
ကျွန်မတို့လှောင်ချိုင့်ထဲထည့်ထားရင် မကောင်းဘူးလား။"

ဝူလုံကတော့ ဟွာစန်းနန်၏စကားကိုနား
မထောင်ဘဲ လေထဲလွင့်နေသည့်ဓားကို
လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ဓားကထွက်ပြေးရန် ကြိုးစားသော်လည်း
သူတော်စင်အဆင့်၏ခွန်အားမှာ ဟာသ
မဟုတ်ပေ။ ချက်ချင်းပင် လက်ဖြင့်ဖိခြေ
ခံရပြီး ပေါက်ကွဲပျက်စီးသွားသည်။

"ပိုင်ကျိုး... မင်းကများ ငါ့ကိုပြောင်ရဲသေးတယ်။" ဝူလုံက သံချိတ်ကောက်များဖြင့် စိုက်ခံထားရသော ပိုင်ကျိုး၏ဒူးကို
ဖြတ်ကန်လိုက်သည်။ ပိုင်ကျိုးအခြေပြတ်
သွားပြီး မြေပေါ်ဒူးထောက်ကျသွား၏။
သံချိတ်ကောက်များက လှုပ်လေအသားထဲဝင်လေဖြစ်ရာ ပိုင်ကျိုးနာကျင်စွာဖြင့်
အော်လိုက်သည်။

Code15:What is wrong with my daughterDonde viven las historias. Descúbrelo ahora