Chapter 39

50 7 0
                                    

Code 15:Greatest Mkstake
Chapter 39- အိမ်​ပြေးမ​လေးစင်သီယာ

သွေးခြင်္သေ့နိုင်ငံ၏သစ်တောများက
ထူထပ်လှပေသည်။ ငွေရောင်ချပ်ဝတ်
ဝတ်ဆင်ထားသော ဘုရားကျောင်းစစ်သည်တစ်စုက အမြောက်ကျည်များနှင့် အခြားအထောက်အပံမျိုးစုံကို မဟူရာကျောက်တုံးနိုင်ငံစစ်မျက်နှာသို့ပို့ရန် ကြံစည်နေသည်။ သူတို့၏ခေါင်းဆောင်မှာ နဂါးအဆင့်ဖာသာတစ်ယောက်ဖြစ်ပြီး ရှေ့ဆုံးရထားလုံးတွင်ထိုင်ကာ လိုက်ပါလျက်ရှိသည်။

ဘုရားကျောင်းက သူတို့၏အင်အားကိုသူတို့အမြဲဂုဏ်ယူနေခဲ့သည်။ သူတို့သိမ်းပိုက်ထားသည့် နယ်​မြေအတွင်းသူတို့အတိုက်အခိုက်မခံရနိုင်ဟု ယုံကြည်ထားသည်။ ထို့အပြင်သွေးခြင်္သေ့နိုင်ငံအတွင်း အသက်ရှင်ကျန်ရစ်သူဟူ၍ ခွေးတစ်ကောင်ကြောင်တစ်မြီမှပင်မရှိတော့။
သူတို့က စွမ်းအားကိုအသုံးပြုကာ ကျင့်ကြံသူမဟုတ်သူများကိုပင် သတ်ဖြတ်ပစ်ခဲ့ကြသည်။

ဘုရားကျောင်းတပ်သားများက ပေါ့ပေါ့ဆဆ နေနေကြ၏။ တချို့စစ်သည်များဆိုလျင် ဘေးဘီကိုမကြည့်ဘဲ အချင်းချင်းစကားပြောနေကြသည်။အချို့ကတော့ ဒိုင်းများကိုပင်ကျောပိုးကာ
လှံများကိုလှည်းပေါ်တင်ပြီး အဖြစ်ရှိရုံလောက် လှည်းဘေးမှ လှည့်ကင်းအဖြစ် လမ်းလျှောက်လိုက်လာကြသည်။

မင်းသားသီးဆီးယပ်က သူတို့ကိုအမှောင်
ထဲမှချောင်းမြောင်းနေသည်။ ကံကောင်းစွာဖြင့် ဘုရားကျောင်းတပ်က သစ်တောအားလုံးကို အချိန်တိုအတွင်းမရှင်းနိုင်ခဲ့ပေ။ သူတို့စစ်ကြောင်းအတွက် အန္တရာယ်ဖြစ်စေမည့် မှော်သားရဲများကိုသာဦးစားပေးရှင်းခဲ့ခြင်းဖြစ်သည်။ သူက သွေးနီအလံတော်ကို လှံတွင်ချည်ကာ မြှောက်ပြလိုက်သည်။ သွေးရောင်ခြင်္သေ့၏အမှတ်အသားကိုမြင်သောအခါ
လေးနှင့်မြားကို အသင့်ကိုင်ထားသည့်စစ်သည်များက မှော်စွမ်းအားများကိုနိုးဆွလိုက်ကြသည်။

သူတို့တပ်မှူးက အသံမထွက်ဘဲ ဆုပ်ထားသည့်လက်ဝါးကို ချပြလိုက်သည်။ စစ်သည်အားလုံးက လေးညို့ကိုလွှတ်လိုက်သည်။

"ရွှတ်...ရွှတ်...ရွှတ်.." မြှားပေါင်းများစွာက တောအုပ်အတွင်းမှပြေးထွက်လာပြီး
ဘုရားကျောင်းစစ်သည်များကိုထိမှန်သည်။ သူတို့၏ငွေရောင်ချပ်ဝတ်များ​က အဆင့်မြင့်အဆင့်ချပ်ဝတ်များဖြစ်သည့်တိုင်အောင် သွေးခြင်္သေ့တပ်ဖွဲ့၏မြားများကလည်း အဆင့်တူသည်။ ယခုလို
သတိကင်းမဲ့ပြီးချပ်ဝတ်အတွင်း မှော်စွမ်းအင်စီးဆင်းမထားသောတပ်ဖွဲ့ဝင်များ၏ခန္ဓာကိုယ်ကို မှော်မြားများက ဖောက်ဝင်သွားသည်။

Code15:What is wrong with my daughterOnde histórias criam vida. Descubra agora