Chapter 43

45 7 0
                                    

Code 15:Greatest Mistake
Chapter 43- စုန်းမလေးအတွက်
တရားမျှမှုကို ပြန်ယူလာပေးမယ်

ဝီလီယံက သမီးလေးကိုပွေ့ပိုက်ထားပြီး
သူနဲ့ပါးပြင်နှင့် သမီးလေး၏ပါးကိုအပ်ထားသည်။

အမျိုးမျိုးသော ကုသရေးနည်းစနစ်များကြောင့် စင်သီယာ၏ဒဏ်ရာများအားလုံးမှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်သော်လည်း သတိပြန်မရသေးပေ။ ထို့အပြင် သမီးလေး၏ခန္ဓာကိုယ်တွင်သွေးစီးဆင်းမှုပင်မရှိတော့ပဲ တဖြည်းဖြည်းအေးစက်လာခဲ့သည်။

"နယ်စားအမတ်ကြီး၊ ကျွန်တော်မျိုးမပြောချင်ပေမဲ့ ပြောရတော့မယ်ဗျ။
သမီးတော်လေးဆုံးသွားပါပြီ။"

"ဘာ... သမီးလေးက နည်းနည်းလေးပဲခိုက်မိထားတာလေ။ ဘာလို့သမီးလေးကသေရမှာလဲ။"

ဝီလီယံက သမားတော်၏လည်ပင်းကို
ဆုပ်ကိုင်ထားလိုက်သည်။ နဂါးအဆင့်တစ်ယောက်၏အရှိန်အဝါများက ပေါက်ကွဲထွက်လာသည်။ နန်းတွင်းသမားတော်မှာလည်း နဂါးအဆင့်ဖြစ်သည့်တိုင်အောင် သူကတိုက်ခိုက်ရန်အတွက် ကျင့်ကြံထားခြင်းမဟုတ်ပေ။
ဆေးပညာက သူ၏အထူးပြုဖြစ်သည်။

"နှလုံးလည်းမခုန်တော့ဘူး၊ သွေးလည်းမစီးဆင်းတော့ဘူး။အသက်လည်းရှူမနေဘူး။ နောက်ဆုံးစွမ်းအင်လှုပ်ရှားမှုနည်းနည်းလေးတောင်မရှိဘူး။ သူ့ရဲ့စွမ်းအင်ကြာပန်းတွေက လုံးကခြောက်သွေ့နေပြီး မကြာခင်ပြိုကျတော့မှာ။ ခန္ဓာကိုယ်ကလည်း အကြောတွေတောင့်တင်းနေတဲ့အခြေအနေကိုဝင်နေပြီ။ တကယ်ပဲမျှော်လင့်ချက်မရှိတော့ဘူး။"

သမားတော်က ခါးသီးသောအပြုံးဖြင့်ပြောလိုက်၏။ နယ်စားကြီးလက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သေသောသူက သေသွားပြီဖြစ်သည်။ နတ်ဘုရားများပင် အစစ်အမှန်စင်သီယာကို ပြန်အသက်မသွင်းနိုင်ပေ။

ရုတ်တရက် တံခါးပွင့်သွားပြီး သူတော်စင်အဆင့်သုံးယောက်၏အရှိန်အဝါထွက်ပေါ်လာသည်။

"ဂိုဏ်းချုပ်ဖန်ကျိုး၊ အကြီးအကဲကျောင်းချင်၊ အကြီးအကဲရီ။"

ထိုသုံးယောက်က နန်းမြင့်မျှော်စင်ဂိုဏ်းမှ သူတော်စင်များဖြစ်သည်။ မူလကငါးယောက်ရှိသော်လည်း ရက်စက်သောတိုက်ပွဲတစ်ခုအတွင်း နှစ်ယောက်ကိုဆုံးရှုံးခဲ့ရသည်။

Code15:What is wrong with my daughterWhere stories live. Discover now