Chapter 35

51 8 0
                                    

Code 15:Greatest Mistake
Chapter 35- တိုက်ပွဲဝင်စက်ရုပ်သစ်

စစ်ပွဲစပြီး ၂၀ ရက်မြောက်။

တိုက်ပွဲအခြေအနေက ပိုမိုဆိုးဝါးလာသည်။ တပ်မဟာ ၄ တောင်ပိုင်းစစ်မြေပြင်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း အကျအဆုံးများနေဆဲဖြစ်သည်။

မဟူရာကျောက်တုံးနိုင်ငံက စစ်သည်မဟုတ်သည့် ကျင့်ကြံသူများကို ပြည်သူ့စစ်အဖြစ် ဆင့်ခေါ်ခဲ့ပြီး ပြည်သူ့စစ်တပ်မဟာအင်အား ၅သောင်းကျော်ကို ရရှိခဲ့သည်။ သို့သော် အားလုံးမှာ အခြေခံစစ်သည် စိတ်ဝိညာဥ်အဆင့်များဖြစ်ပြီး အတွေ့အကြုံအလွန်နည်းပါးလွန်းသည်။ [note: မဟူရာကျောက်တုံးနိုင်ငံက အကြမ်းဖျင်း လူဦးရေသန်းတစ်ရာကျော်နေပါတယ်။ ဒါပေမဲ့ကျင့်ကြံခြင်းမလုပ်တဲ့သာမန်လူတွေကများပြီး ကျင့်ကြံသူအများစုကလည်း
တိုက်ပွဲမှာအသုံးမဝင်တဲ့ သွေးသားအဆင့်တွေပါ။ ကျင့်ကြံသူတစ်ရာမှာတစ်ယောက်လောက်ပဲ စိတ်ဝိညာဥ်အဆင့်ကိုရောက်ပြီး အဲဒီလူတိုင်းကလည်းစစ်ထဲဝင်ဖို့ စိတ်မဝင်စားနိုင်ပါဘူး။ နိုင်ငံကလည်း
အရေအတွက်အရမ်းများနေရင် စီမံခန့်ခွဲဖို့နဲ့ ရိက္ခာထောက်ပံဖို့ အဆင်မပြေနိုင်ပါ။]

သူတော်စင်အဆင့်များ၏ တိုက်ပွဲများမှာလည်း ပိုပိုစိပ်လာခဲ့သည်။

"သေစမ်း...."

အဖြူရောင်နှင့်မိုးကြိုးစွမ်းအားရောစပ်နေသည့် ဧရာမဆေဘာဓားကြီးက တောင်တန်းတစ်ခုကို ပိုင်းဖြတ်သွားသည်။ ငွေရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားသည့် ဘုရားကျောင်း၏ကောင်းကင်သားတော်တစ်ပါးက တာအိုဝတ်စုံဝတ်ဆင်ထားသည့် အဖိုးအိုသုံးဦးနှင့်တိုက်ခိုက်နေသည်။

မိုးထိတောင်ဂိုဏ်းမှ အဖိုးအိုသုံးဦးက ဓားချက်ကို ရှောင်ရှားလိုက်သည်။ သူတို့သုံးဦးက ကောင်းကင်သားတော်ထက် အတွေ့အကြုံပိုများပြီး အစွမ်းထက်ကြသည်။ ကောင်းကင်သားတော်က နတ်တစ်ပိုင်းလက်နက်ကို ကိုင်ထား၍သာ
အသာစီးရနေခြင်းဖြစ်သည်။

အဖိုးအိုသုံးဦးအနက် အကြီးဆုံးဖြစ်ပုံရသော မျက်ခုံးဖြူတာအိုဆရာက ဝါးပင်လေးတစ်ပင်၏ထိပ်တွင် ရပ်နားကာ
ပြောလိုက်သည်။

Code15:What is wrong with my daughterWhere stories live. Discover now