Bc 4

38 3 0
                                    

Code 15:Greatest Mistake
Bonus Chapter 4- နန်းတော်မှ
ထွက်ပြေးရပြီ

မဟူရာကျောက်တုံးနန်းတော်၏ဥယျာဥ်
တော်မြောက်ဖက်တွင် ခမ်းနားစွာတည်
ဆောက်ထားသော စကျင်ကျောက်အိမ်
တော်ကြီးတစ်ခုရှိသည်။

ထိုအိမ်တော်ကြီးက တခြားအဆောင်တော်များနှင့် များစွာကွာခြားလို့နေ၏။
ထိုနေရာမှအစောင့်စစ်သည်တို့သည်
ပြိုင်စံရှားလှပသော မိန်းမချောလေးများ
ဖြစ်ပြီး လှပစွာတန်ဆာဆင်ထားသည့်
ငွေရောင်ပခုံးကာ၊ လက်ဖျံကာနှင့်ပေါ့
ပါးသည့်ချပ်ဝတ်တို့ ပေါင်းစပ်ထားသည့်
အိမ်စေဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

သူတို့၏အဓိကလက်နက်မှာ ပေါ့ပါးသည့်
မိန်းမကိုင်ဓားများဖြစ်ကာ သန်မာလွန်းသည့် မှော်စွမ်းအင်အငွေ့အသက်များ
ထွက်ပေါ်နေ၏။

ဘုရင်ကြီး၏တော်ဝင်သက်တော်စောင့်
တပ်ရင်းထက် နည်းနည်းလေးမှအား
မနည်းသော မိဖုရားကြီး၏ပိုနီပန်းတပ်
ဖွဲ့ပင်ဖြစ်၏။

ဘုရင်ကြီးဖီးလစ် (၃)က မိဖုရားကြီး
ရိုဆီလီယာကို အလွန်မြတ်နိုးသည်။
မဟူရာကျောက်တုံးနိုင်ငံ၏နန်းထုံးစဥ်
လာတွင်မရှိသည့် အမျိုးသမီးကိုယ်ရံ
တော်တပ်ကိုပင် ကိုယ်တိုင်ဖွဲ့စည်းပေး
ခဲ့၏။ နတ်ရေကန်နိုင်ငံ၏လက်ရွေးစင်
အမျိုးသမီးတပ်များကို လေ့လာကာ မဟူရာကျောက်တုံးနိုင်ငံ၏ရာထူးစနစ်၊
ဖွဲ့စည်းပုံတို့နှင့် လိုက်ဖက်ညီအောင်ပြင်
ဆင်ထားသည့် ကိုယ်ရံတော်တပ်ရင်းဖြစ်သည်။

သူတို့ထဲမှ အဆင့်အနိမ့်ဆုံးတပ်သားများ
သည်ပင် သားရဲအဆင့်သို့ရောက်နေပြီဖြစ်ပြီး ပျံသန်းနိုင်သည့် သားရဲဝိညာဥ်
တစ်မျိုးကို တပ်ဆင်ပေးထားသဖြင့်
တပ်ဖွဲ့ဝင်တစ်ယောက်စီတိုင်းက နဂါးအဆင့်များကိုပင် ခေါင်းခဲအောင်လုပ်နိုင်
ကြသည်။ ခေါင်းဆောင်မှာလည်း နဂါး
အဆင့်တွင်ရောက်နေပြီဖြစ်သည့် မိန်း
မချောကျင့်ကြံသူလေး အက်စတာဖြစ်
သည်။

အက်စတာက ဘုရင့်ကိုယ်ရံတော်ခေါင်း
ဆောင် ဖလေးလပ်ကိုယ်တိုင် လေ့ကျင့်
ပေးထားသူဖြစ်ပြီး လွန်စွာသစ္စာရှိသည်။
ပါရမီရှိလွန်းသည့်အချက်ကြောင့် နတ်
ရေကန်မှ လက်ရွေးစင်ခေါင်းဆောင်နှစ်
ယောက်က သူ့ကိုညီမ​လေးအရင်းလိုချစ်
ခင်ကြ၏။ နှစ်တိုင်းလုပ်သည့် နတ်ရေကန်၊ မဟူရာကျောက်တုံး နှစ်နိုင်ငံ
သံတမန်အထိမ်းအမှတ်နေ့များတွင်
သူတို့အတူတူတွေ့လေ့ရှိပြီး ပညာဖလှယ်တတ်ကြသည်။

Code15:What is wrong with my daughterDonde viven las historias. Descúbrelo ahora