Chapter 57

42 6 0
                                    

Code 15:Greatest Mistake
Chapter 57- ဝင်္ကပါကို ပြန်ပြင်ခြင်း

သီယွန်နပ်မှာ အားနည်းသော ဝိညာဥ်
နတ်ဘုရားတစ်ပါးမဟုတ်ပါ။ သူသည်
တစ်ချိန်က သေခြင်းကိုးပါးဂိုဏ်း၏ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး မျိုး
ဆက်သစ်ခေါင်းဆောင်နေရာအတွက်
တိုက်ခိုက်ခဲ့ဖူး၏။ အဆုံးတွင်ရှုံးနိမ့်သွား
ခဲ့ပြီး သတ်မှတ်ချိန်အတိုင်း မြေကမ္ဘာ
နတ်ဘုရားဖြစ်မလာခဲ့သောကြောင့် ယခု
နေရာသို့ နှင်ထုတ်ခံလိုက်ရ​သော်လည်း
ဝိညာဥ်နတ်ဘုရားအဆင့်တွင် ပြိုင်ဖက်
ကင်းလုနီးပါး လက်ရွေးစင်တစ်ပါးဖြစ်
သည်။

"အလင်းအမှောင်မိုးကြိုး...."

သူ၏ကျောနောက်တွင် အလင်းနှင့်
အမှောင်တောင်ပံတစ်ဖက်ဆီ ထွက်
ပေါ်လာ၏။ သူ၏မျက်လုံးများအတွင်း
တွင်တော့ မိုးကြိုးစွမ်းအားများနှင့်ပြည့်
နှက်နေပြီး ဘုရားကျောင်းတစ်ခုလုံးကို
စွမ်းအင်များက ဖုံးလွှမ်းသွားသည်။

မျက်နှာမဲ့ဗလာကောင်က ချောက်ခြားစရာကောင်းသောအသံဖြင့် အော်ဟစ်
လိုက်ပြီး ပြေးလာ၏။ ဝင်္ကပါဗဟိုချက်
ဖြစ်သော ဘုရားကျောင်းသည် နတ်ဘု
ရားတို့၏တိုက်ပွဲကို အာရုံခံမိသွားကာ
မိုနဲ၊ဗလာကောင်နှင့်သီယွန်နပ်တို့ကို
သီးသန့်​လေဟာနယ်တစ်ခုအတွင်းသို့
ပို့လိုက်သည်။

တကယ့်အာကာသဟင်းလင်းပြင်လို
မုန်တိုင်းများမရှိဘဲ တည်ငြိမ်နေသော
လည်း ကြယ်တာယာနှင့်ဂြိုဟ်များရှိ
မနေပေ။ စင်စစ်တမင်သက်သက်ဖန်
တီးထားသော နေရာလွတ်တစ်ခုသာ
ဖြစ်၏။

ဗလာကောင်က သူဝါးမျိုထားသော
စွမ်းအားများကိုအသုံးပြုကာ သူ့ကိုယ်
သူကြီးမားအောင် ပြုလုပ်လိုက်သည်။

ချက်ချင်းလေဟာနယ်နယ်နိမိတ်
တစ်ဝက်လောက်ကို ဗလာကောင်၏
ကိုယ်ကြီးက နေရာဝင်ယူလိုက်၏။

ကြီးမားလွန်းသောကြောင့် မိုနဲနှင့်သီယွန်
နပ်မှာ ပုရွတ်ဆိတ်​လေးများပမာထင်ရ
သည်။

သီယွန်နပ်ကတော့ ထိတ်လန့်မသွားဘဲ
​လေဟာနယ်ကို ဆုပ်ကိုင်လိုက်၏။ သူ၏
နတ်ဘုရားဓားကျိုးသွားသော်လည်း
နတ်အဆင့် ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် နိယာမစွမ်းအားကိုသုံးကာ ဓားကွက်ကို စွမ်းအားအပြည့်ထုတ်ဖော်နိုင်သေးသည်။

Code15:What is wrong with my daughterDonde viven las historias. Descúbrelo ahora