Chapter 7

99 15 0
                                    

Code 15:Greatest Mistake
Chapter 7: လေးယောက် ပေါင်းမိကြခြင်း

သူတို့လေးယောက်မှာ ဥက္ကာခဲနားတွင်
ကျင့်ကြံပြီးနောက် မြေပုံတွင်အမှတ်မှတ်ကာ တောထဲမှ ပြန်ထွက်လာခဲ့ကြသည်။

စစ်စစ်လေးယောက်လုံး လေ့ကျင့်သည်ဆိုသော်လည်း ဝက်သားပေါက်က စမ်းချောင်းထဲ ရေဆင်းကူးနေပြီး ရိုမီယိုကတော့ အာနဲမိုနဲကို ချစ်စကားကြိုက်စကားများ ပြောနေခြင်းဖြစ်သည်။ အာနဲမိုနဲမှာ ပထမက တောက်ပစွာ ပြုံးနေသော်လည်း အကြိမ်ကြိမ်အခါခါ နားထောင်ရ၍ နားညည်းလာသောအခါတွင် ရိုမီယို၏မေးကို လက်သီးဖြင့်ပိတ်ထိုးကာ သစ်ပင်တစ်ပင်အောက်တွင်
သွားထိုင်နေလိုက်သည်။ ရိုမီယိုက မင်းသားဖြစ်ကြောင်း ထုတ်ပြောခဲ့သော်လည်း မိုနဲက သူ့ကို ငါးသေကြီးတစ်ကောင်လို မျက်လုံးများဖြင့်ကြည့်ကာ ရွံရှာစွာဖြင့် တံတွေးထွေးပစ်လိုက်သည်။
မိုနဲ၏မျက်လုံးထဲတွင်တော့ မင်းသားရိုမီယို ဆေး​ဗားမှာ ဖုန်မှုန့်လောက်ပင် တန်ဖိုးရှိမယ့်ပုံမပေါ်ပေ။

ထို့ကြောင့် ရိုမီယိုမှာ အပြန်လမ်းတွင်
ဖူးယောင်နေသော ကိုယ့်မေးကိုယ်ကိုင်ကာ တိတ်တိတ်လေးလိုက်လာသည်။ တကယ်တော့ ဝီလီယံကိုယ်တိုင်လည်း
မိုနဲ၏အလှအပကို တောင့်မခံနိုင်ခဲ့။
မိုနဲ၏ခန္ဓာကိုယ်လေးကိုကြည့်ရင်း စိတ်ကူးယဥ်နေမိသည်။ သို့သော် အိပ်မက်ရိုင်းများမဟုတ်ဘဲ ဘုရားကျောင်းတွင် ခမ်းခမ်းနားနားမင်္ဂလာဆောင်ခြင်း၊ ရဲတိုက်ကြီးတစ်ခုတွင် နှစ်ယောက်အတူနေခြင်းများ၊
သားသားမီးမီးများနှင့်အတူ အိုမင်းသည်အထိ နေထိုင်သွားခြင်းများသာဖြစ်သည်။
မိုနဲ၏အလှမှာ မီးတောက်နှင့်မတူဘဲ နူးညံ့၍ စိတ်အေးသက်သာရှိစေနိုင်သည်။

ဝက်သားပေါက်မှာလည်း မိုနဲကို သွားရည်ကျလျက်ရှိပြီး ကြောင်တစ်ကောင်က လတ်လတ်ဆတ်ဆတ်တူနာငါးကို တွေ့ရသကဲ့သို့ ဖြစ်နေသည်။ တောစပ်နားအရောက်တွင် မနေနိုင်ဘဲ
မိုနဲကိုကိုက်ကာ မြည်းရန်ကြံသော်လည်းအနားမရောက်သေးခင် မိုနဲခေါင်းခေါက်ခြင်းကို ခံလိုက်ရပြီး လူကြီးမင်းဝက်မှာလည်း လိမ္မာသော ခွေးကလေးတစ်ကောင်အလား မိုနဲ၏နောက်မှ လိုက်လာခဲ့သည်။

Code15:What is wrong with my daughterWhere stories live. Discover now