Chapter 32

59 9 0
                                    

Code 15:Greatest Mistake
Chapter 32- မြေကမ္ဘာကို တုန်ဟီးစေသောစစ်ပွဲ

"ဘုန်း..."

ကြောက်မက်ဖွယ်ရာ အမှောင်စွမ်းအင်
လုံးကြီးက သွေးခြင်္သေ့နိုင်ငံ ကောင်းကင်ကို ဖြတ်သန်းသွားသည်။ သေချာကြည့်မည်ဆိုပါက အမှောင်ဒြပ်လုံးတွင် လျှပ်စီးစွမ်းအင်အများအပြား ပါဝင်နေသည်ကိုတွေ့ရမည်ဖြစ်သည်။

အမှောင်လျှပ်စီးနိယာမ။

သီယွန်နပ်ဘုရားကျောင်း၏ခေါင်းဆောင်
သီယွန်နပ်နတ်ဘုရား၏ ကြောက်မက်ဖွယ်ရာ နိယာမဖြစ်သည်။ ထိုလူမရှိတော့သော်လည်း ဘုရားကျောင်း၏နတ်ဘုရားအဆင့် နဂါးသေလက်နက်ကြီးက ထိုနိယာမကိုထုတ်သုံးနိုင်စွမ်းရှိသည်။

စွမ်းအင်လုံး မြို့တော်သို့ တိုက်ရိုက်ထိမှန်ခြင်းမရှိသေးချိန်တွင်
ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် သတ်လတ်ပိုင်းလူကြီးတစ်ဦးက
လှပသောအမျိုးသမီးတစ်ယောက်နှင့်အတူ ခန်းမကျယ်ကြီးထဲတွင် နေ့လယ်စာစားနေခဲ့သည်။

ထိုလူကြီး၏ဆံပင်များက လွန်စွာရှည်လျားပြီး မုတ်ဆိတ်ပါးသိုင်းမွှေးများမှာလည်း မေးအပြည့်ရှိ​လေသည်။ လူကောင်ကလည်း ကြီးမားလေရာ
ခြင်္သေ့ကြီးတစ်ကောင် စားတော်စားပွဲတွင် ထိုင်နေသည်ဟုပင် ထင်ရသည်။
သူက သတ္တမမြောက် သွေးခြင်္သေ့ဘုရင်
လီယွန်ဖြစ်သည်။

ရုတ်တရက် တော်ဝင်စားတော်စားပွဲ၏
အပေါ်တွင်ရှိသော ပန်းကန်ခွက်​ရောက်များနှင့်ဇွန်းများမှာ ငလျင်လှုပ်သကဲ့သို့
လှုပ်ခါလာသည်။ နန်းတော်အတွင်းရှိ
အရာအားလုံးမှာလည်း ရူးသွပ်နေသကဲ့သို့ လှုပ်ခါနေသည်။

ဘုရင်ကြီးက ခုံမှချက်ချင်းထလိုက်ကာ
ကောင်းကင်ပေါ်ပျံတက်သွားသည်။ သူက
အလျင်အမြန်ပင် အော်ဟစ်လိုက်သည်။

"ဝင်္ကပါကို အသက်သွင်းကြ။"

ဘုရင်ကြီး၏အော်သံနှင့်အတူ နန်းတော်နှင့်မြို့တော်ကြီးတစ်ခုလုံးကို ထောင်နှင့်ချီသည့် ရွှေရောင်အလင်းဒိုင်းများက ဖုံးလွှမ်းသွားသည်။

ထိုမျှနှင့်ဘုရင်ကြီးက လုံလောက်သည်ဟုမခံစားရသေးဘဲ ကိုယ်တိုင်ပါ မြို့တော်အပြင်တွင်ရပ်နေပြီး စွမ်းအင်လုံးကြီးကို
စိုက်ကြည့်လိုက်သည်။ ထို့နောက်သူ၏ခန္ဓာကိုယ်မှ စွမ်းအင်အားလုံးကို
နှိုးဆွပြီး ဟိန်းလိုက်သည်။

Code15:What is wrong with my daughterWhere stories live. Discover now