အခန်း ၇: ပင့်ကူချည်မျှင်

4K 661 20
                                    

{Unicode}

အခန်း ၇: ပင့်ကူချည်မျှင်

ဆက်ကပ်ထဲကအဖွဲ့ဝင်တွေအတွက်ကတော့ ဒီဖျော်ဖြေမှုက သူတို့တွေအသူတစ်ရာချောက်နက်ထဲကနေလွတ်မြောက်နိုင်မယ့် အခွင့်အရေးတစ်ခုပဲဖြစ်တယ်။

တစ်နည်းပြောရရင် "သူ‌ဌေးချူ"လို့ခေါ်တဲ့ ချောက်ကြီးပေါ့။

ဒီရက်စက်ပြီးဉာဏ်များတဲ့လူက သူ့သမီးရဲ့အ‌ရှေ့မှာတော့ "အဖေကောင်း"တစ်ယောက်ဆိုတဲ့အ‌ရေခွံကိုအမြဲခြုံထားပြီး ဝံပုလွေတစ်ကောင်အဖြစ်ကနေ သိုးရေခြုံထားတဲ့ဝံပုလွေတစ်‌ကောင်အဖြစ်ပြောင်းသွားတယ်။

"ဒီချောက်နက်ထဲကနေလွတ်မြောက်ဖို့က လုံးဝမဖြစ်နိုင်ဘူး" အခုလေးတင်ဖျော်ဖြေပြီးပြန်လာတဲ့ လူငယ်တစ်ယောက်ကပြောလိုက်တယ်။ "ဒါပေမဲ့သခင်မလေးရဲ့မျက်စိရှေ့မှာတော့ အားလုံးကမသိရင်နိဗ္ဗာန်ဘုံလိုပဲ"

အဲ့ဒီလိုနဲ့ပဲ ပြိုင်ပွဲတစ်ခုစတင်ခဲ့တော့တယ်။ သူ့ရဲ့ရုပ်ရည်ကြောင့် အခြားသူတွေထက်ပိုအရေးသာနေတဲ့ ချန်ကျွင်းယန့်က အားလုံးရဲ့ပစ်မှတ်ဖြစ်လာခဲ့တယ်။

အဲ့ဒီည ချန်ကျွင်းယန့်အိပ်မောကျနေချိန်မှာ တစ်စုံတစ်ယောက်ကသူ့ကိုစောင်နဲ့အုပ်ကာ ဆက်တိုက်ထိုးနှက်ကန်ကျောက်ခဲ့တယ်။ အဲ့ဒီတိုက်ခိုက်ချက်တွေအကုန်လုံးကလည်း ချန်ကျွင်းယန့်ရဲ့မျက်နှာကို အဓိကအသားပေးထားတာဖြစ်တယ်။ နောက်တစ်နေ့မနက်တန်းစီချိန်မှာ သူ့ရဲ့မျက်နှာတစ်ခြမ်းလုံးက ဖူးရောင်နေပြီဖြစ်တယ်။

သူဌေးချူက သူ့ရဲ့ကြာပွတ်ကိုလက်ဖဝါးပေါ်မှာဖွဖွရိုက်ရင်း လူတန်းတွေကြားထဲဖြည်းဖြည်းချင်း လျှောက်စစ်ကြည့်နေတယ်။ ချန်ကျွင်းယန့်ရဲ့‌ရှေ့ကိုရောက်တာနဲ့ သူ့ခြေလှမ်းတွေချက်ချင်းရပ်တန့်သွားတယ်။ သူချန်ကျွင်းယန့်ရဲ့မေးကိုပင့်ကာ မေးလိုက်တယ်။ "မင်းတို့လုပ်ထားကြတာလား?"

အနားကလူတိုင်းပူပန်လာကြတယ်၊ သူဌေးချူကအဲ့ကောင်ဘက်ပါပေးတော့မလို့လား?

သူဌေးချူကလူတိုင်းရဲ့မျက်နှာကိုစစ်ဆေးကြည့်ပြီး နှာခေါင်းရှုံ့လိုက်တယ်။ "မင်းတို့ရဲ့ပုံမှန်မျက်နှာတွေက သူ့ရဲ့ရောင်ကိုင်းနေတဲ့မျက်နှာနဲ့တောင် ယှဉ်လို့မရဘူး"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now