အခန်း ၁၀၁: သူ့ကိုငါ့ဆီလွှဲပေး

2.1K 462 246
                                    

{Unicode}

အခန်း ၁၀၁: သူ့ကိုငါ့ဆီလွှဲပေး

"ဟယ်လို ယွိရန်၊ မင်းရဲ့သမီးဒီမှာမရှိနေဘူး"

နင်ယွိရန်မေ့လဲချင်သလိုခံစားလိုက်ရတယ်။ သူမရဲ့ခန္ဓာကိုယ်က ဘေးဘက်ကိုယိုင်ကျသွားတယ်။

သူမအနားကလူတွေ ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး သူမရဲ့လက်ထောက်ရော ဒါရိုက်တာပါ သူမအနားကိုအလောတကြီးပြေးလာကြတယ်။ ဒါရိုက်တာက စိုးရိမ်စွာနဲ့မေးလာတယ်။ "အဆင်ပြေလား?"

"ဘာမှမဖြစ်ဘူး" သူမလက်ထောက်ရဲ့လက်ကိုကိုင်ပြီး နင်ယွိရန် အတင်းလုပ်ပြုံးပြလိုက်တယ်။ "ကျွန်မနည်းနည်းပင်ပန်းနေလို့နေမှာ၊ ခဏလောက်နားလိုက်ဦးမယ်"

အခြားလူတစ်ယောက်ယောက်သာ ရိုက်ကူးရေးအလယ်မှာ နားချင်တယ်လို့ပြောရင် ဒါရိုက်တာဆူတာကို သေချာပေါက်ခံရမှာဖြစ်ပေမဲ့ နင်ယွိရန်ကတော့မတူပါချေ။ သူမကအနုပညာလောကထဲမှာ ဒူပေနာပေခံတဲ့အလုပ်ရူးလို့ လူသိများပြီး အချိန်ပြည့်နီးပါး ရိုက်ကွင်းမှာသာရှိနေလေ့ရှိတယ်။ သူမကမနက်တိုင်း၅နာရီထပြီး ဇာတ်ညွှန်းတွေဖတ်ကာ ကျန်တဲ့ဘယ်သူမဆိုထက်ပိုပြီး အလုပ်မှာစိတ်အားထက်သန်လေ့ရှိတဲ့သူဖြစ်တယ်။

"သွား သွား" ဒါရိုက်တာကလက်ယမ်းပြလာတယ်။ "မြန်မြန်အခန်းထဲမှာလှဲချပြီးနားနေလိုက်၊ ဒီနေ့ခွင့်ယူဖို့ရောလိုလား?"

နင်ယွိရန်ခပ်ရေးရေးပြုံးရင်းခေါင်းခါပြကာ သူမရဲ့နားနေခန်းရှိရာကို အမြန်ဆုံးပြန်လာခဲ့လိုက်တယ်။

တံခါးပိတ်ပြီးတာနဲ့ ခုနကလူကိုသူမဖုန်းပြန်ခေါ်လိုက်တယ်။ သူမရဲ့အသံက စိုးရိမ်ပူပန်မှုကြောင့် တုန်ယင်လို့နေတယ်။ "ရှင်သေချာရှာပြီးပြီလား?"

"အင်း သူဒီမှာသေချာပေါက်မရှိဘူး" တစ်ဖက်လူပြန်ဖြေလာတယ်။ "ရွှီရုန်ကိုစောင့်ကြည့်ဖို့လည်း ကိုယ့်လူတွေကိုလွှတ်ထားတယ်၊ သူကနင်နင်မပါဘဲအိမ်ပြန်သွားပြီ"

နင်ယွိရန်ခေါင်းငိုက်စိုက်ချထားမိပြီး သူမရဲ့မျက်ဝန်းတွေက တဖြည်းဖြည်းအရောင်မှိန်လာခဲ့တယ်။ သူမကချက်ချင်းပဲ အသက်ရှင်လျက်နဲ့ အသေကောင်တစ်ခုအဖြစ်ကို ပြောင်းသွားသလိုတောင်ထင်ရတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now