အခန်း ၁၁၂: အပျော်ရည်းစား

2.1K 417 40
                                    

{Unicode}

အခန်း ၁၁၂: အပျော်ရည်းစား

အဲ့ဒီထဲမှာရေးထားတာက...

"သူတို့သုံးယောက်ကို အမြန်ဆုံးအဆက်အသွယ်ဖြတ်ပြီး သူနဲ့ပဲအမြဲအတူနေ"

နင်နင်ထိုမှတ်စုကိုစိုက်ကြည့်နေမိတယ်။

'သူတို့သုံးယောက်'၊ အဲ့ဒါအပြင် 'သူ' ဆိုတဲ့တစ်ယောက်။ ဆိုလိုတာက ကျန်းရှင်းအိုက်မှာ အနည်းဆုံးယောက်ျား လေးယောက်‌လောက်နဲ့ မရေမရာဆက်ဆံရေးတွေရှိနေခဲ့တာပဲ။

ဒီနေရာမှာမေးခွန်းက 'သူ'ဆိုတာဘယ်သူလဲ? 'သူတို့သုံးယောက်'ဆိုတာကရော ဘယ်သူတွေလဲ?

အမြန်ဆုံးအဖြေရှာနိုင်မယ့်နည်းလမ်းက သူမဖုန်းထဲမှာရှိသမျှ နံပါတ်တွေအကုန်လုံးကို "လမ်းခွဲကြရအောင်" လို့ လိုက်ပို့ဖို့ပဲဖြစ်တယ်။

သူမနဲ့မရေမရာဆက်ဆံရေးရှိနေတဲ့လူက "ဘာဖြစ်လို့လဲ?"၊ "အကြောင်းပြချက်ပေး"၊ "မင်းရှိနေလား?"၊ "အပြင်မှာတွေ့ပြီးစကားပြောရအောင်"၊ အဲ့လိုမျိုးတွေပြန်ပို့လိမ့်မယ်။

ကျန်တဲ့လူတွေကတော့ "စာမှားပို့နေပြီထင်တယ်"၊ "ဟားဟား အလှလေးကတစ်ယောက်ယောက်နဲ့ လမ်းခွဲလိုက်ပြီလား? ဒါဆိုရင်ငါ့မှာမျှော်လင့်ချက်ရှိပြီပဲ!"၊ "မင်းမှာဘယ်တုန်းကရည်းစားရှိသွားတာလဲ?"၊ အဲ့လိုတွေစာပြန်လိမ့်မယ်။

ဒါပေမဲ့နင်နင်အဲ့လိုလုပ်လို့မရပါချေ။

ကန့်သတ်ချက်အရ ကျန်းရှင်းအိုက်မလုပ်လောက်မယ့်အရာတွေကို နင်နင်လုပ်လို့မရပေ။

ဒီလိုမျိုးစာလိုက်ပို့တာက ကျန်းရှင်းအိုက်ရဲ့ပုံရိပ်ကို တော်တော်လေး ထိခိုက်စေနိုင်တာကြောင့် သူမအဲ့လိုလုပ်မှာမဟုတ်ပေ...

နေပါဦး၊ တကယ်လုပ်လို့မရတာလား?

နင်နင်ဖုန်းနံပါတ်တစ်ခုကိုဖြစ်သလိုရွေးပြီး စာတိုတစ်ကြောင်းကိုရေးလိုက်တယ်: လမ်းခွဲရအောင်။

ပို့လိုက်ပြီ။

သူမရဲ့အမြင်မှောင်ကျသွားတယ်။

"အစ်မရှောင်အိုက်၊ ကျွန်တော်အိမ်ပြန်လိုက်ပို့ပေးမယ်"

နင်နင်ခေါင်းလှည့်လိုက်တယ်။ လီရှန့်ကျူကရှက်သွေးဖြာရင်း မျှော်လင့်ချက်တွေနဲ့ သူမကိုကြည့်လို့နေတယ်။ သူ့အနောက်မှာရှိနေတာက သော့ခတ်ထားတဲ့ပန်းချီအလုပ်ခန်းရဲ့ တံခါးပဲဖြစ်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now