အခန်း ၄၄: အမဲလိုက်ခြင်း

2.6K 518 33
                                    

{Unicode}

အခန်း ၄၄: အမဲလိုက်ခြင်း

မေမေကကျဉ်းထဲကျပ်ထဲမှာ ဆုံးဖြတ်ရခက်နေတယ်။

အဲ့လိုဆိုမှတော့ ငါကဆုံးဖြတ်ပေးရတာပေါ့။

နင်နင်မျက်နှာဖုံးလူရှေ့ကို လက်ဆန့်ထုတ်လိုက်တယ်။ "ကျွန်မကိုပေး"

လမ်းမီးရောင်အောက်မှာ ပြုံးနေတဲ့မျက်နှာဖုံးကသူမကိုကြည့်နေတယ်။

"ရှင်တကယ်လိုချင်နေတဲ့လူကကျွန်မပဲလေ" နင်နင်မေးလိုက်တယ်။ "မဟုတ်လို့လား?"

ဒီမျက်နှာဖုံးနဲ့လူရဲ့ပထမဆုံးရွေးချယ်မှုက သူမဆိုတာကိုနင်နင်သိနှင့်ပြီးသားဖြစ်တယ်။ သူမဆီကနေသူလိုချင်တာကိုမရနိုင်ခဲ့တာကြောင့်သာ မေမေ့အပေါ်ကိုပစ်မှတ်ပြောင်းလိုက်တာဖြစ်တယ်။

မျက်နှာဖုံးအနောက်ကနေရယ်သံထွက်ပေါ်လာတယ်။ အဲ့ဒီအသံမှာ လိုချင်တာရသွားတဲ့လူတစ်ယောက်ရဲ့ ကောက်ကျစ်စဉ်းလဲမှုတွေပါဝင်နေတယ်။ သူနင်ယွိရန်ကိုသွေးဆောင်ခဲ့တဲ့အကြောင်းရင်းက တကယ်တမ်းတော့နင်နင့်ကိုမျှားခေါ်ဖို့သက်သက်ပဲလားဆိုပြီးတော့တောင် သူမစပြီးသံသယဖြစ်လာတယ်။

သူကိုင်ထားတဲ့ရုပ်ရှင်လက်မှတ်ကို နင်နင့်လက်ထဲထည့်ပေးတော့မယ့်အချိန်မှာပဲ သူ့နားရွက်တစ်ဖက်ကနေတစ်ခုခုကိုကြားလိုက်ပုံပေါ်တယ်။

"...ဒီတစ်ခါမြန်တာပဲ" သူစုတ်သပ်လိုက်တယ်။ ပြီးတော့နင်နင့်ကိုလက်မှတ်မပေးနိုင်ခင်မှာပဲ လှည့်ထွက်ပြေးသွားတော့တယ်။

သူကလူကောင်ကြီးပေမဲ့ ပြေးတဲ့အခါကျရင်တော့အသံတစ်စက်မှမထွက်ပါချေ။ သူ့ရဲ့အဖြူရောင်အကျဉ်းထောင်ဝတ်စုံက လေထဲမှာတဖျပ်ဖျပ်လှုပ်ယမ်းလို့နေတယ်။ သူ့ကိုအဝေးကမြင်မိရင် လေထဲမှာဝေ့ဝဲနေတဲ့စက္ကူလူသားလို့တောင်ထင်နိုင်တယ်။

အဲ့ဒီအချိန်မှာ နင်နင်အသံတစ်ခုကိုကြားလိုက်ရတယ်။

ဘာအသံတွေလဲ? ခြေသံတွေ ပြီးတော့...

သူမခေါင်းလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲ လူတစ်ယောက်ကသူမဘေးကနေဖြတ်ပြေးသွားတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now