အချပ်ပို: ညအချိန်မီးအိမ်စကားဝိုင်း {၂/၂}

2.9K 366 82
                                    

{Unicode}

အချပ်ပို: ညအချိန်မီးအိမ်စကားဝိုင်း {၂/၂}

အဝါရောင်တက္ကစီတစ်စီးက လမ်းပေါ်မှာ မောင်းနှင်လို့လာတယ်။

ကားအနောက်ခန်းမှာထိုင်နေတဲ့ အမျိုးသားတစ်ယောက်က သတင်းစာတစ်စောင်ကို မျက်နှာကွယ်ပြီး ကိုင်ထားရင်း ဖတ်ရှုလို့နေတယ်။

"ဒီနေ့ခေါင်းစီးကို တွေ့လိုက်သေးလား?" တက္ကစီသမားက သတင်းစာခေါင်းစီးအကြောင်းကို ထိုအမျိုးသားနဲ့ စကားစမြည်ပြောလာခဲ့တယ်။ "ရှီကျုံးထန် ယင်ရှို့ကျူနဲ့ လမ်းခွဲလိုက်ပြီတဲ့"

"အင်း" ထိုယောက်ျားက ပြန်ပြောလာတယ်။ သူ့ရဲ့အသံက ပျင်းရိဖွယ်နေ့လည်ခင်းရဲ့ နေရောင်ခြည်တန်းလိုမျိုး အင်မတန် နားထောင်ရကောင်းလှတယ်။

"ချွေ့ဟုန်ယင်၊ လင်ရှီး၊ လျိုယီယီ... ဟမ်း၊ အဲ့ကောင်က အနုပညာလောကထဲမှာရှိတဲ့ မိန်းမလှလေးမှန်သမျှနဲ့ ခြေငြိဖူးတာပဲ" တက္ကစီသမားက စုတ်သပ်လာတယ်။ "အလှဘုရင်မ၊ အဆိုဧကရီ၊ ယင်ရှို့ကျူတောင် အခု သူ့ကို မလွန်ဆန်နိုင်ခဲ့ပြန်ဘူး၊ အဲ့ဒီလူပွေတစ်ကောင် ဘယ်အချိန်ထိ လိုက်ပတ်ပြီး ပွေနေဦးမလဲ မသိဘူး"

"သိပ်မကြာတော့ပါဘူး" တက္ကစီက ပြောထားတဲ့နေရာကို ဆိုက်ရောက်လို့လာတယ်။ ကားအနောက်ခန်းက အမျိုးသားက သတင်းစာကိုချပြီး ကြည့်ကောင်းလွန်းတဲ့ မျက်နှာတစ်ခုကို ဖော်ပြလာခဲ့တယ်။

ဒီအမျိုးသားက နည်းနည်းရင်းနှီးနေသလိုပဲလို့ တက္ကစီသမား တွေးလိုက်မိတယ်။ တက္ကစီသမားရဲ့အကြည့် ကားအနောက်ခန်းထိုင်ခုံပေါ်က သတင်းစာပေါ်ကို ကျသွားတော့မှ သူရုတ်တရက် အော်ပြောလိုက်မိတယ်။ "သူပဲဟ!"

သတင်းစာရဲ့ ရှေ့ဆုံးစာမျက်နှာ ခေါင်းစီးပိုင်းမှာတင်ထားတဲ့ အဖြူနဲ့အမည်းဓာတ်ပုံက ကြည့်ကောင်းလွန်းတဲ့ အမျိုးသားတစ်ယောက်– ရှီကျုံးထန်– ရဲ့ ဘေးတစောင်းမျက်နှာပဲ ဖြစ်တယ်။

ရှီကျုံးထန် နေကာမျက်မှန်ကိုချွတ်ကာ သော့တစ်ချောင်းထုတ်ပြီး အရှေ့ကတံခါးချပ်ကို ဖွင့်လိုက်တယ်။

"ရှင်လာပြန်ပြီလား?" တံခါးဖွင့်သံထွက်ပေါ်လာတာနဲ့ အထဲမှာရှိနေတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို ချက်ချင်းပဲ အော်ပြောလို့လာတယ်။ "ထွက်သွား!"

🎉 You've finished reading ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 » 🎉
ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now