အခန်း ၁၃၀: ကိုယ်မင်းကိုအကြာကြီးစောင့်နေခဲ့ရတာ

2.3K 458 35
                                    

{Unicode}

အခန်း ၁၃၀: ကိုယ်မင်းကိုအကြာကြီးစောင့်နေခဲ့ရတာ

<ဂျူလိယက်မရှိတော့တဲ့နောက်> က မိသားစုအာဃာတဇာတ်လမ်းဖြစ်တယ်။

ဇာတ်လမ်းကအခုခေတ်ပေါ်ကာလမှာပဲ ဇာတ်အိမ်တည်လို့ထားတယ်။ နယ်ပယ်တစ်ခုထဲမှာရှိတဲ့ ထိပ်စည်းကုမ္ပဏီနှစ်ခုက နှစ်ပေါင်းများစွာ အပြန်အလှန်ပြိုင်ဆိုင်နေကြတယ်။ ဒါပေမဲ့ထိုကုမ္ပဏီနှစ်ခုရဲ့ သားနဲ့သမီးက မြင်မြင်ချင်းမှာပဲ အပြန်အလှန်ချစ်မိသွားပြီး ခိုးရာလိုက်ပြေးခဲ့ကြတယ်။

သူတို့တွေခိုးရာလိုက်ပြေးနေတုန်း ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်။

အမျိုးသမီးဇာတ်လိုက်က ထိုကားမတော်တဆမှုမှာ သေဆုံးသွားခဲ့တယ်။

"ဇာတ်လမ်းကဂျူးလိယက်သေသွားပြီးတော့မှစတာ" ဒါရိုက်တာချန်က လက်ဝေ့ယမ်းလာတယ်။ "ပြီးခဲ့တာတွေပြီးပါစေတော့ဆိုပြီး ကျေအေးလိုက်ကြမယ်ထင်လား? လုံးဝမဖြစ်နိုင်ဘူးပေါ့၊ ဂျူးလိယက်သေသွားပေမဲ့ ရိုမီယိုကအသက်ရှင်နေသေးတယ်လေ"

ဒါကရှိတ်စပီးယားရဲ့ဇာတ်လမ်းသာဆိုရင် ရိုမီယိုကဆေးရုံမှာနိုးလာတာနဲ့ အဆိပ်သောက်ပြီး သက်သေသွားမှာဖြစ်တယ်။ ဒါပေမဲ့ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းဆရာက ဒါရိုက်တာချန်ရဲ့ပါတနာကြီး လီရှန့်ကျူဖြစ်နေတယ်လေ... အဲ့ဒီလူငယ်ရွယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကြောင့် အခုသူရေးတဲ့ဇာတ်ညွှန်းတိုင်းမှာ ဇာတ်လိုက်နှစ်ယောက်ထဲကတစ်ယောက်က အကြံများတဲ့မြေခွေးဖြစ်နေမှ သူကနေသာထိုင်သာရှိပုံပေါ်တယ်။

"ရိုမီယိုမသေသွားဘူး၊ သူနိုးလာတာနဲ့ ကုမ္ပဏီနှစ်ဖက်လုံးက အသေအကြေပြိုင်ဆိုင်နေကြတယ်ဆိုတာကို သိလိုက်ရတယ်၊ သူတို့နှစ်ဖက်လုံးပြောထားကြတာက: မင်းတို့ဈေးဘယ်လောက်လျှော့လျှော့ ငါတို့ဘက်က ထက်ဝက်ပြန်လျှော့ပြမယ်!" ဒါရိုက်တာချန်ကဇာတ်လမ်းကိုရှင်းပြလာတယ်။ "အဲ့လိုမျိုး ဈေးကွက်စစ်ပွဲကြီး ဖြစ်နေတဲ့အချိန် တတိယကုမ္ပဏီတစ်ခုပေါ်လာပြီး အခွင့်ကောင်းယူသွားမှာစိုးလို့ ရိုမီယိုကသူ့ရင်ထဲကနာကျင်မှုကို သည်းညည်းခံထားဖို့ပဲတတ်နိုင်တယ်၊ တစ်နေ့ကျတော့ ဂျူးလိယက်နဲ့တစ်ပုံစံတည်းတူတဲ့ မိန်းကလေးတစ်ယောက်ကို သူရှာတွေ့သွားတယ်၊ သူအဲ့ဒီမိန်းကလေးကို ဂျူးလိယက်လိုမျိုး နေထိုင်ပြုမူတတ်အောင် သေချာလေ့ကျင့်ပေးခဲ့တယ်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now