အခန်း ၁၅၂: အကျယ်ချုပ်

1.5K 365 3
                                    

{Unicode}

အခန်း ၁၅၂: အကျယ်ချုပ်

နင်နင်အကျယ်ချုပ်ခံထားရတယ်။

"မဟုတ်တာ၊ မဟုတ်တာ၊ မင်းကိုဘယ်လိုလုပ်ပြီး အကျယ်ချုပ်ထားရမှာလဲ?" ရွာသူကြီးက ဝန်မခံဘဲနဲ့ ပြုံးလာတယ်။ "မင်းပျောက်သွားမှာစိုးလို့ မင်းရဲ့အမေပြန်လာမကြိုခင် ခဏလောက်ဂရုစိုက်ပေးထားတာပဲလေ"

"မေမေကဘယ်မှာလဲ?" နင်နင်မေးလိုက်တယ်။

"သူရုတ်တရက်ကြီးဖုန်းတစ်ခုဝင်လာလို့၊ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်တော့မယ်ထင်တာပဲ၊ ဒါရိုက်တာက သူ့ကိုခေါင်းဆောင်မင်းသမီးနေရာအတွက် အခွင့်အရေးပေးလို့ ညတုန်းကပဲ အလောတကြီးပြန်သွားတာ" ရွာသူကြီးကအနောက်လှည့်ပြီး ပြောလာတယ်။ "အသေးစိတ်တော့ သေချာမသိပေမဲ့ သူ့ကိုမေးကြည့်လို့ရတယ်... ဝင်လာခဲ့!"

ရင်းနှီးနေတဲ့လူတစ်ယောက်က အခန်းထဲလျှောက်ဝင်လာတယ်။

အဲ့ဒါကအတိတ်တုန်းက မေမေ့ရဲ့မန်နေဂျာ– အခုသူမရဲ့မန်နေဂျာ– လီပေါ်ယွဲ့ဖြစ်တယ်။

"ဒါရိုက်တာချန်ရဲ့ <တရုတ်ပြည်ရာပြည့်အထိမ်းအမှတ်> ရုပ်ရှင်" လီပေါ်ယွဲ့က အထဲလျှောက်ဝင်လာရင်းနဲ့ ပြောလာတယ်။ "အဲ့ဒါကအရင်းအနှီးသန်း၁၀၀ကျော်ပြီး အော်စကာအတွက်ပါ ရည်မှန်းထားတာ၊ ဇာတ်ကောင်တစ်နေရာရဖို့ အလုပ်ကြေးတွေနှိမ့်ချပြီး တောင်းနေကြတဲ့နာမည်ကြီးတွေ အများကြီးပဲ၊ မင်းရဲ့အမေက သူ့ရဲ့နာမည်ကို နောက်ထပ်အဆင့်တစ်ခု‌ရောက်အောင် မြှင့်ချင်နေလို့ ဒီအခွင့်အ‌ရေးကို လက်လွှတ်လို့မရဘူး"

လိမ်နေတာ။ နင်နင်သူ့ကိုကြည့်လိုက်တယ်။

<တရုတ်ပြည်ရာပြည့်အထိမ်းအမှတ်> ရုပ်ရှင်ကားက တကယ်ရှိခဲ့ပေမဲ့ ခေါင်းဆောင်မင်းသမီးက မေမေမဟုတ်ပါချေ။ အဲ့အချိန်တုန်းက မေမေ သူမရဲ့ရောဂါကြောင့် သရုပ်ဆောင်လောကကနေ အနားယူကာ အိပ်ရာထဲလဲနေခဲ့ပြီဖြစ်တယ်။ ထိုအချိန်ကတည်းကနေစပြီး မေမေ ဘယ်ရုပ်ရှင်မှာမှလည်း ပါဝင်သရုပ်ဆောင်ခြင်း မရှိခဲ့တော့ပေ။

အခုစဉ်းစားကြည့်တော့မှ... မေမေအိပ်ရာထဲစလဲခဲ့တဲ့အချိန်က ဒီရွာရဲ့ဘိုးဘေးကန်တော့ပွဲကနေ ပြန်လာပြီးတဲ့အချိန်ပဲ မဟုတ်ပါလား?

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now