အခန်း ၇၈: စိတ်မကောင်းပါဘူး

2.3K 484 36
                                    

{Unicode}

အခန်း ၇၈: စိတ်မကောင်းပါဘူး

မောင်နှမနှစ်ယောက်က ည၁၀နာရီအထိဆေးရုံမှာနေပြီးမှ အိမ်ကိုပြန်လာခဲ့ကြတယ်။

သန်းခေါင်ယံရောက်တော့ အခန်းအပြင်ဘက်က ခြေသံတွေကို နင်နင်ကြားရတယ်။ ထိုလူကဖွဖွလေးလျှောက်ဖို့ကြိုးစားနေပေမဲ့ သူ့ကိုယ်ကပဲကီလို၂၀၀လောက် လေးပင်နေတာကြောင့် သူခြေလှမ်းလှမ်းလိုက်တိုင်း အိမ်ကအနည်းငယ်တုန်ခါလို့သွားတယ်။

"...မုကွား" နင်နင်အခန်းတံခါးဖွင့်ပြီး အပြင်ကလူကိုကြည့်လိုက်တယ်။ "ညဉ့်နက်နေပြီ၊ မအိပ်ဘဲဘာလုပ်နေတာလဲ?"

မုကွားတန့်သွားပြီး သူ့လက်ထဲပွေ့ထားတဲ့ အရာတွေထဲကတစ်ခုက ကြမ်းပြင်ပေါ်ကိုကျလာခဲ့တယ်။

နင်နင်ခါးကိုင်းကာ ကြမ်းပြင်ပေါ်ကကြက်အူချောင်းကို ကောက်ယူပြီး သူ့လက်နှစ်ဖက်ထဲက ပေါင်မုန့်တွေ၊ ဘီစကစ်တွေနဲ့ အသီးတွေကိုကြည့်လိုက်တယ်။ သူမသိချင်လာတာကြောင့် သူ့ကိုမေးလိုက်တယ်။ "ဘာလုပ်နေတာလဲ? ညဘက်ကြီး ဒီလောက်အများကြီးစားမလို့လား?"

"မင်း၊ မင်းငါ့ကိုနောက်ကျလည်း ချက်ကျွေးမှာမှမဟုတ်တာ" ဖတ်တီး‌လေးက မျက်လုံးတွေကိုမှေးကျဉ်းလိုက်တယ်။ သူကခြေလှမ်းအနည်းငယ်လျှောက်ထားတာကြောင့် ချွေးတွေစိမ့်ထွက်နေကာ အသက်ပြင်းပြင်းရှူနေရတယ်။ သူလက်ထဲကမုန့်တွေကို တင်းတင်းကျပ်ကျပ်ဖက်ပြီး သူမကိုပြောလာတယ်။ "အဲ့ဒါကြောင့် ငါဗိုက်ဆာပြီးမသေရအောင် မုန့်တွေသိမ်းထားမလို့"

...အနိုင်ကျင့်ခံရမှာကို တွေးကြောက်နေတာလား၊ ညီကို?

နင်နင်စိတ်အနှောင့်အယှက်ဖြစ်လာတယ်။

ရုပ်ရှင်နာမည်: <ငါ့ရဲ့နတ်သမီးလေး>

အဓိကဇာတ်ကောင်: မုကွား

ရုပ်ရှင်ရုံအဝပိုစတာပေါ်ကလူအနေနဲ့– ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်အနေနဲ့– ဘယ်သူဘာပဲဖြစ်ဖြစ် နင့်ရဲ့ကံကြမ္မာတော့ ပြောင်းလဲသွားလို့မရဘူး! နင်အလိုလိုက်ခံရမယ်၊ နင်ကဒီအစ်မကြီးကိုအနိုင်ကျင့်ရမယ်၊ အဲ့ဒါရဲ့ပြောင်းပြန်ဖြစ်ရမှာမဟုတ်ဘူး!

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now