အခန်း ၁၂၆: အောင်သွယ်

2.3K 446 55
                                    

{Unicode}

အခန်း ၁၂၆: အောင်သွယ်

"ဘယ်ကိုပို့ပေးရမလဲ?" ချန်ရွှမ်းဟယ်က အနိမ့်အမြင့်မရှိတဲ့လေသံနဲ့ မေးလာတယ်။ "မင်းရဲ့အိမ်လား ဒါမှမဟုတ် အဲ့ဒီရုပ်ရှင်ရုံကိုလား?"

နင်နင်သူ့ကိုတစ်ချက်ကြည့်ပြီး ခေါင်းကိုက်လာသလိုခံစားလိုက်ရတယ်။ သူဘဝရုပ်ရှင်ရုံကို လက်မလွှတ်နိုင်သေးဘူးပဲ။

သေချာစဉ်းစားကြည့်တော့ အဲ့လိုမျိုးသဘာဝလွန်ဖြစ်ရပ်ကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ရခဲ့ပြီးတာတောင် လွယ်လွယ်နဲ့လျစ်လျူရှုနိုင်မယ်ဆိုရင်လည်း... အဲ့ဒီလူကအတိတ်မေ့သွားတာပဲဖြစ်လောက်တယ်။

"ခဏ" နင်နင်ပြတင်းအပြင်ဘက်ကိုကြည့်နေရင်း ရုတ်တရက်အော်ပြောလိုက်တယ်။ "ဒီမှာတစ်ချက်ရပ်"

Cayenneကလမ်းဘေးမှာထိုးရပ်သွားတယ်။ နင်နင်ကားပေါ်ကနေဆင်းကာ စာအုပ်ဆိုင်အသေးစားထဲကို လျှောက်ဝင်သွားလိုက်တယ်။ အခုလိုအင်တာနက်ခေတ်မှာ စာအုပ်ဖတ်တဲ့လူတွေ လျော့ပါးလို့နေပြီဖြစ်တာကြောင့် ပိတ်ရက်ဖြစ်တာတောင် ကောင်တာမှာငိုက်မြည်းနေတဲ့ စာအုပ်ဆိုင်ဝန်ထမ်းတစ်ဦးကလွဲရင် စာအုပ်စင်တွေ‌ပေါ် တိတ်တဆိတ်အိပ်ပျော်နေတဲ့ စာအုပ်တွေသာ ဆိုင်ထဲမှာရှိလို့နေတယ်။

နင်နင်စာအုပ်စင်တစ်ခုအရှေ့မှာရပ်လိုက်တယ်။ သူမလိုချင်တဲ့စာအုပ်က ဟိုးအမြင့်မှာရှိနေပြီး သူမခြေဖျားထောက်ပြီးလှမ်းယူတာတောင် မမီနေပေ။

လက်တစ်ဖက်ကသူမအနောက်ကနေဆန့်ထွက်လာပြီး စာအုပ်ကိုယူသွားတယ်။

နင်နင်အနောက်လှည့်ကြည့်လိုက်တယ်။ ချန်ရွှမ်းဟယ်ကသူမအနောက်မှာရပ်နေကာ စာအုပ်ကိုလှန်လှောပြီးနောက် နှုတ်ခမ်းတွန့်လာတယ်။ သူစာအုပ်ကိုပြန်ပိတ်ပြီး အရှေ့ကစာအုပ်စင်ကိုကြည့်ကာ သူမကိုမေးလာခဲ့တယ်။ "အခြားဘယ်စာအုပ်ယူချင်သေးလဲ?"

ညနေခင်း ဘဝရုပ်ရှင်ရုံအဝင်ဝတွင်။

ဘဝရုပ်ရှင်ရုံက စာအုပ်ဆိုင်ထက်တောင် ပိုခြောက်သွေ့နေသေးတယ်။ သူဌေးချူကလှေကားတွေပေါ်မှာထိုင်ရင်း ဖြည်းဖြည်းချင်းမော့ကြည့်လာတယ်။ "....ဘာဖြစ်လို့ဒီကိုရောက်လာပြန်တာလဲ?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now