အခန်း ၁၇၂: ခေါင်းဆောင်

1.4K 317 14
                                    

{Unicode}

အခန်း ၁၇၂: ခေါင်းဆောင်

ဒီနေ့လည်း အခြားနေ့တွေလိုမျိုးပဲ သောက်စားမူးယစ်ရင်း မကြည်မလင်ဖြတ်သန်းရတဲ့ နေ့တစ်နေ့ပင်။

ချွေ့ဟုန်မေက ဆိုဖာ‌ပေါ်မှာ လှဲလျောင်းနေရင်း စီးကရက်ကို ကိုင်လို့ထားတယ်။ သူမ သူမရဲ့ဘေးမှာထိုင်နေတဲ့ ကောင်လေးငယ်ငယ်ကို မေးလာတယ်။ "ဘာဖြစ်လို့ ဆံပင်ညှပ်လိုက်တာလဲ?"

ထိုကောင်လေးက ဂိမ်းဆော့နေရင်း မော့တောင်မကြည့်လာပေ။ "ကြည့်ကောင်းလား? ဒီကေက အခုတလော ရေပန်းစားနေတာ"

"ငါ့ဖင်ကိုကြည့်ကောင်း၊ မသိရင် အိမ်သာအဖုံးလိုပဲ" ချွေ့ဟုန်မေက စာရွက်အချို့ကိုယူထုတ်ပြီး သူ့ကိုပစ်ပေးလာတယ်။ "မြန်မြန် အရင်ပုံစံ ပြန်သွားညှပ်လာခဲ့"

"သိပါပြီ၊ သိပါပြီ၊ သိပါပြီ" ထိုကောင်လေးက ငွေစာရွက်တွေကို လက်တစ်ဖက်နဲ့ သူ့အိတ်ကပ်ထဲထိုးထည့်ပြီး အခြားလက်တစ်ဖက်နဲ့ ဖုန်းကိုဆက်နှိပ်လို့နေတယ်။ သူကမကျေနပ်တဲ့လေသံနဲ့ ညည်းညူလာခဲ့တယ်။ "အဲ့လောက်ခေတ်နောက်ကျတဲ့ ဆံပင်ပုံစံကြီးကို၊ ကျုပ်ဘော်ဒါတွေတောင် ၁၉၇၀လောက်က ကေနဲ့တူတယ်ဆိုပြီး ဝိုင်းစကြတာ၊ ခင်ဗျားအဲ့ဒါ ဘာကိုကြည့်ပြီးတော့ အဲ့လောက်ထိကြိုက်လဲဆိုတာ မသိတော့ဘူး"

ချွေ့ဟုန်မေ သူ့ကိုကြည့်ပြီးတော့ ဆေးလိပ်ငွေ့တွေကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်တယ်။

တိမ်ပါးတယ်၊ လောဘကြီးတယ်၊ ဦးနှောက်မရှိဘူး၊ အသုံးမကျဘူး။

ဒီကောင်လေးရဲ့ကောင်းကွက်တစ်ခုကို မဖြစ်မနေထောက်ပြရမယ်ဆိုရင် အဲ့ဒါက နင်ချင်နဲ့အင်မတန်တူတဲ့ သူ့ရဲ့ဘေးစောင်းမျက်နှာပဲဖြစ်တယ်။

သူမရဲ့အချစ်စစ်ကို ထပ်ပြီးမတွေ့နိုင်တော့မှတော့ သူ့နဲ့ဆင်တူတဲ့တစ်ယောက်ယောက်ကို အနားမှာထားထားလို့ ရသေးတာပဲ။ သူမကအသက်ကြီးနေပြီဖြစ်တာကြောင့် မှတ်ဉာဏ်တွေလည်း တစ်နေ့တစ်ခြား ယိုယွင်းလာလို့နေတယ်။ သူမသာဒီလိုမလုပ်ရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ နင်ချင်ဘယ်လိုပုံစံရှိခဲ့လဲ ဆိုတာကို သူမမေ့သွားမှာ စိုးရွံ့မိတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now