အခန်း ၁၄၆: မျိုးရိုးနာမည်ကွဲနဲ့လူများ

1.8K 387 8
                                    

{Unicode}

အခန်း ၁၄၆: မျိုးရိုးနာမည်ကွဲနဲ့လူများ

ဝမ်ယွီသူ့ကိုမမြင်ရပေ။

ရှီကျုံးထန် တစ်ဖက်လူရဲ့မျက်နှာအနားကို ခပ်မြန်မြန်ကပ်သွားခဲ့တယ်။ သူ့အရှိန်က အရမ်းမြန်လွန်းတာကြောင့် ဘယ်သူမဆို တုံ့ပြန်လာမှာပဲဖြစ်တယ်။ ဒါပေမဲ့ဝမ်ယွီကတော့ အနောက်ဆုတ်ပြီးမရှောင်သလို မျက်တောင်တောင်မခတ်လာပါချေ။ သူကပုံမှန်ကိုယ်နေဟန်ထားသာ ရပ်ဆဲရပ်နေမြဲဖြစ်ပြီး နင်နင့်ကိုပြုံးပြလို့နေတယ်။ "ဒီလောက်ထိဟောင်းနေတဲ့ ရုပ်ရှင်ရုံမျိုး ရှိနေဦးမယ်လို့ မထင်ထားမိလို့ နည်းနည်းအံ့ဩသွားတာပါ"

နင်နင်သူ့ကိုတစ်ချက်ကြည့်ပြီးနောက်မှာ အပြုံးနဲ့မေးလိုက်တယ်။ "လူတွေကိုရော? ဘယ်လိုထင်လဲ?"

"လူတွေ?" ဝမ်ယွီအံ့အားသင့်သွားပြီးနောက်မှာ ဘေးပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လာတယ်။ "...ဘယ်မှာလို့လဲ?"

လူတွေကသူ့အနားမှာ ခုနကတည်းက ရှိနေကြတာဖြစ်တယ်။

ရှီကျုံးထန်ရဲ့ဘေးမှာလည်း မျက်နှာဖုံးနဲ့လူတွေ ရပ်လို့နေတယ်။ အရေအတွက်က ပုံမှန်နဲ့စာရင် လျော့နည်းနေပေမဲ့ သူမတို့ဝင်လာကတည်းက သူတို့တွေအကုန်ထွက်လာပြီး ရယ်မောကာ ပြောခဲ့ကြတာဖြစ်တယ်။ "ပြန်လည်ကြိုဆိုပါတယ်"

"ပြန်လည်ကြိုဆိုပါတယ်"

"ဟီးဟီး၊ ပြန်လည်ကြိုဆိုပါတယ်"

သူတို့ဘယ်သူ့ကိုကြိုဆိုနေကြတာလဲ?

ရှီကျုံးထန်ကိုလား? အရင်က မျက်နှာဖုံးနဲ့လူတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ဝမ်ယွီကိုလား? ဒါမှမဟုတ်... လာနေကျဧည့်သည်ဖြစ်တဲ့ သူမကိုလား?

"အဲ့ဒီမှာလေ" နင်နင် မျက်နှာဖုံးနဲ့လူတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်တယ်။ "ဒီရုပ်ရှင်ရုံကအိုနေရုံတင်မကဘူး ရုပ်ရှင်ရုံဝန်ထမ်းတွေတောင် တော်တော်လေးအိုနေပြီ၊ ရှင်ဘယ်လိုထင်လဲ?"

ဝမ်ယွီက သူမညွှန်ပြနေတဲ့နေရာကိုကြည့်ပြီး ရယ်ရင်းနဲ့ပြောလာတယ်။ "သူတို့စိတ်ထဲမှာတော့ ငယ်ရွယ်သေးတာပဲ၊ တချို့အသက်ကြီးပိုင်းလူတွေက ဘာမှသိပ်မလုပ်နိုင်မကိုင်နိုင်ကြတော့ဘူး၊ အိမ်မှာပဲနားနေရင်း စိတ်ကျန်းမာရေးက တဖြည်းဖြည်းယိုယွင်းလာတာ၊ အခုဒီလိုမျိုး အလုပ်နဲ့အကိုင်နဲ့ တက်တက်ကြွကြွရှိတာက ခန္ဓာကိုယ်အတွက်ရော စိတ်အတွက်ရော ကောင်းတာပေါ့..."

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now