အခန်း ၁၀၀: နှင်း

2K 478 47
                                    

{Unicode}

အခန်း ၁၀၀: နှင်း

မေမေကအရမ်းထူးဆန်းနေတယ်။

‌နေ့တစ်ဝက်လုံးနင်နင့်ကို တောထဲကနေဘယ်လို ပြန်လျှောက်ထွက်ရမလဲဆိုတာကို သင်ပေးပြီးတဲ့နောက်မှာ သူမတို့တွေ ညမှောင်မှအိမ်ကို ပြန်ရောက်လာခဲ့တယ်။

ညစာစားနေတုန်း နင်ယွိရန်က ရွှီရုန်ကိုပြုံးပြပြီးပြောလာတယ်။ "ဒီနေ့ဒါရိုက်တာချန်ဖုန်းခေါ်လာတယ် သိလား၊ နင်နင့်ကိုခေါင်းဆောင်မင်းသမီးနေရာထားပြီး ရုပ်ရှင်အသစ်တစ်ကားရိုက်ချင်တယ်တဲ့"

ရွှီရုန်အံ့ဩသွားတယ်။ "ခေါင်းဆောင်မင်းသမီးရဲ့ ကလေးဘဝကိုပြောတာလား?"

"ဟင့်အင်း တကယ့်ခေါင်းဆောင်မင်းသမီး" နင်ယွိရန်ဆက်ပြောလာတယ်။ "ရုပ်ရှင်နာမည်က <အိမ်ထောင်ရှင်သူလျှိုဖေဖေ> တဲ့၊ ဇာတ်လမ်းက အနားယူသွားတဲ့သူလျှိုနဲ့ သူ့သမီးလေးအကြောင်း၊ အဲ့ဒါကဒီနှစ်အတွက် နှစ်ကုန်မိသားစုဟာသရုပ်ရှင်ဖြစ်မှာ၊ မင်းသားကကောချိန်တုံ၊ အခြားနာမည်ကြီး မင်းသားမင်းသမီးကြီးတွေတောင်ပါသေးတယ်၊ ချောင်ယွဲ့ဟွားတို့၊ ရှဲ့ရှင်းတို့..."

သူမကအခုအချိန်မှာနာမည်အကြီးနေဆုံး မင်းသားမင်းသမီး ခုနစ်ယောက်ရှစ်ယောက်လောက်ရဲ့နာမည်ကို ဆက်တိုက်ရွတ်ပြလို့နေတယ်။ ပြီးတော့မှရယ်ရင်းနဲ့ပြောလာတယ်။ "ဒါပေမဲ့ပြန်စဉ်းစားကြည့်တော့ နင်နင့်အတွက် ငြင်းလိုက်သင့်တယ်ထင်တယ်"

"ဘာဖြစ်လို့လဲ?" ရွှီရုန်ကသူမကို နားမလည်နိုင်စွာနဲ့ကြည့်လာတယ်။ "ဒါကအခွင့်အရေးကောင်းပဲကို"

"သူကအရမ်းငယ်နေသေးတယ်" နင်ယွိရန်သူမဘေးမှာထိုင်နေတဲ့ နင်နင့်ကိုလှည့်ကြည့်လိုက်တယ်။ "ရုပ်ရှင်ထဲမှာ ခေါင်းဆောင်မင်းသမီးက အနည်းဆုံး၇နှစ်၈နှစ်လောက်ရှိပြီလေ၊ နင်နင်က၄နှစ်ပဲရှိသေးတာ"

ရွှီရုန်နဲ့ရှောင်ယွိ အကြည့်ချင်းဖလှယ်လိုက်မိကြတယ်။ ညစာစားပြီးတော့ ရွှီရုန်ပန်းကန်တွေမြန်မြန်ဆေးပြီးတာနဲ့ နင်ယွိရန်ရဲ့အခန်းတံခါးကို ခေါက်လိုက်တယ်။ အခန်းထဲမှာ သူမတို့တွေအပြန်အလှန် စကားစမြည်ပြောနေကြတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now