အခန်း ၂၃: အိပ်မက်ဟောင်း

3.3K 630 31
                                    

{Unicode}

အခန်း ၂၃: အိပ်မက်ဟောင်း

"ဝေါ့" မြေအောက်ခန်းထဲကနေထွက်လာပြီးတာနဲ့ ချန်ကွမ်းချောင်အန်ချလိုက်တယ်။

သူအန်လို့ပြီးသွားတော့ ချန်ကွမ်းချောင်ကြမ်းပြင်ပေါ်ဒူးထောက်ချလိုက်တယ်။ သူသူ့ကိုယ်သူပွေ့ဖက်ကာ ကြက်သီးတွေထလာခဲ့တယ်။ "သူကကြောက်စရာကြီး! ငါသရဲကိုအကြောက်ဆုံးပဲ!"

နင်ယွီရန်တိုးတိုးလေးပြောလိုက်တယ်။ "...နုချက်ကတော့၊ ဒီလိုပုံစံနဲ့ သည်းထိတ်ရင်ဖိုကားကို ဘယ်လိုရိုက်ဦးမလို့လဲ?"

ချန်ကွမ်းချောင်မျက်နှာနီသွားပြီး သူမကိုမျက်စောင်းထိုးလိုက်တယ်။ "မင်းကရောမကြောက်လို့လား? မကြောက်ရင်ပြန်သွားပြီး သူနဲ့သွားနေ၊ သွား!"

နင်ယွီရန်နှစ်ခါတောင်ပြန်မစဉ်းစားဘဲ ခေါင်းခါလိုက်တယ်။

ချန်ကွမ်းချောင်ခဏလောက် နေရောင်အောက်မှာရပ်နေတယ်။ သူ့ရဲ့ယန်စွမ်းအင်တွေ ပြန်လည်အားပြည့်လာပြီလို့ခံစားမိတော့မှ သူသတ္တိပြန်ရှိလာတယ်။ သူမတ်တပ်ထရပ်ကာ နင်ယွီရန်ကိုလက်ညှိုးထိုးပြီး အထက်စီးဆန်ဆန်ဝေဖန်လိုက်တယ်။ "ငါပြောရဦးမယ်၊ မင်းဒီလိုပုံစံနဲ့ သူ့ကိုနိုင်မှာမဟုတ်ဘူး!"

နင်ယွီရန်ကြောင်သွားတယ်။

"နောက်ဆုံးကျရင် တစ္ဆေကတစ်ယောက်ပဲရွေးမှာ!" ချန်ကွမ်းချောင်ရယ်လိုက်တယ်။ "ကြည့်ရသလောက်ကတော့ မင်းနဲ့စာရင် သူကပိုပြီးတစ္ဆေနဲ့တူနေတယ်၊ မဟုတ်ဘူးလား?"

နင်ယွီရန်တဖြည်းဖြည်း ဖြူရော်လာခဲ့တယ်။

ဒုတိယနေ့မှာ ချန်ကွမ်းချောင်က အခန်းတွေကိုသန့်ရှင်းရေးလုပ်ဖို့ လူတွေခေါ်ပေးခဲ့တယ်။ နင်ယွီရန်သူမရဲ့အထုပ်တွေကိုပိုက်ပြီး မြေအောက်ခန်းထဲကိုလျှောက်မသွားခင် ခဏလောက်တွန့်ဆုတ်နေမိတယ်။

...ညဘက်ရောက်ရင်သူမအိပ်မပျော်ဘဲ အိမ်သာထသွားချင်လာမှာကို စိုးရိမ်နေမိတယ်...

မြေအောက်ခန်းထဲမှာ ခေါင်းတလားနှစ်ခုက ဘေးချင်းကပ်ရပ်တည်ရှိနေတယ်။ နင်ယွီရန် ခေါင်းတလားအထဲဘက်ကနံရံပေါ်မှာ နားဖိကြည့်လိုက်တယ်။ သူမနင်နင်ကိုမကြားရဘူး။ သူမတံတွေးမျိုချကာ ဓာတ်မီးဖွင့်ပြီး ခေါင်းတလားထဲကနေ တိတ်တဆိတ်ထွက်လိုက်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now