အခန်း ၁၆၇: နေ့မှာဘဝ၊ ညမှာသေခြင်းတရား

1.5K 331 6
                                    

{Unicode}

အခန်း ၁၆၇: နေ့မှာဘဝ၊ ညမှာသေခြင်းတရား

ကားတာယာက လမ်းပေါ်မှာပွတ်ဆွဲလာပြီး စူးရှကျယ်လောင်တဲ့အသံကို ထွက်ပေါ်လာစေတယ်။

ကားကအပြီးအတိုင်မရပ်ရသေးပေမဲ့ တံခါးပွင့်လာပြီး နင်နင်က ကားအပြင်ဘက်ကို ပြေးထွက်လို့လာတယ်။

"နင်နင်၊ ခဏ..."

သူမရဲ့အနောက်ကနေ ထွက်ပေါ်လာတဲ့ ဝမ်ယွီရဲ့အသံက တဖြည်းဖြည်းအဝေးမှာ ကျန်ရစ်ခဲ့တယ်။

"ဟူး... ဟူး..." နင်နင်က‌ လှေကားထစ်တွေပေါ်ကို အရူးတစ်ပိုင်း ပြေးတက်လို့နေတယ်။

ဒီအချိန်က ငါအိမ်ပြန်လာရမှာကို အမုန်းဆုံးအချိန်ပဲ။

သူမအိတ်ထဲကသော့တွဲကို ကပျာကယာထုတ်ဖို့ လုပ်လိုက်ပေမဲ့ တဆတ်ဆတ်တုန်ယင်နေတဲ့ လက်တွေကြောင့် အချိန်အတော်ကြာမှ သော့ဖွင့်လိုက်နိုင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ငါပြန်လာမှာကို စောင့်နေတဲ့သူ တစ်ယောက်မှမရှိလို့ပဲ။ တစ်ယောက်တည်းညစာစားပြီး၊ တစ်ယောက်တည်းဆေးကြောပြီး၊ တစ်ယောက်တည်း ဧည့်ခန်းထဲမှာထိုင်နေရပြီး... နေထွက်လာရင်တောင် ငါ့ကိုအိပ်ရာထဖို့ နိုးပေးတဲ့လူမရှိခဲ့ဘူး။

တံခါးပွင့်သွားကာ နင်နင်က ဖိနပ်တွေကိုတောင်မချွတ်ဘဲ အိမ်ထဲပြေးဝင်လာခဲ့တယ်။

ခြေရာတွေက သူမရဲ့အနောက်မှာ ကျန်ရစ်ခဲ့ပြီး သစ်သားကြမ်းပြင်ကို စွန်းပေနေစေတယ်။ ခြေတစ်စုံအတွက် အရာအားလုံးကိုစွန့်လွှတ်ကာ ကုန်းပေါ်တက်လာပြီးနောက် ကမ်းခြေတစ်လျှောက်မှာ ခြေရာတွေချန်ခဲ့တဲ့ ရေသူမမင်းသမီးလိုပင်။

ဧည့်ခန်းထဲမှာရော၊ အိပ်ခန်းထဲမှာရော၊ နောက်ဆုံး ဝရန်တာမှာပါ ဘယ်သူမှမရှိနေပေ...

"ရှီကျုံးထန်..." နင်နင် ဝရန်တာလက်ရန်းအရှေ့မှာရပ်ပြီး အိပ်တန်းဝင်နေဆဲ နေမင်းကိုငေးကြည့်ကာ တိုးညင်းစွာရေရွတ်လိုက်မိတယ်။

"ကိုယ်ဒီမှာ" ရှီကျုံးထန်ရဲ့အသံက သူမရဲ့အနောက်ကနေ ထွက်ပေါ်လို့လာတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now