အခန်း ၈၇: နိုးထလာသူဆီမှအမှန်တရား

2K 424 11
                                    

{Unicode}

အခန်း ၈၇: နိုးထလာသူဆီမှအမှန်တရား

ရက်အနည်းငယ်ကြာပြီးနောက် လျန်အိမ်တော်တွင်။

သူမရဲ့မိသားစုနဲ့အလုပ်က အဆုံးမသတ်နိုင်တဲ့မျဉ်းပြိုင်တွေလိုပင်။ သူမတစ်ဘက်မှာ အခြေအနေကောင်းနေရင် အခြားတစ်ဘက်ခြမ်းကအမြဲတမ်း ယက်ကန်ယက်ကန်ဖြစ်နေတတ်တယ်။

အခုလောလောဆယ် နင်နင်ရဲ့မိသားစုအခြေအနေက ရှုပ်ထွေးနေပေမယ့် အခြားတစ်ဘက်ခြမ်း လျန်မိသားစုမှာတော့ သူမကအခြေအနေကောင်းလို့နေတယ်။

"မင်းကငါ့သမီးမဟုတ်ဘူး" ဒုတိယသားဖြစ်သူက အေးစက်စက်ပြောလာတယ်။

"မင်းကငါ့သားမဟုတ်ဘူး" ပိုပြီးအေးစက်တဲ့အသံတစ်ခုက သူ့အနောက်ကနေထွက်ပေါ်လာတယ်။

ဒုတိယသားဖြစ်သူ မြန်မြန်ကိုယ်ကိုလှည့်ပြီး အိပ်ရာပေါ်မှာလှဲလျောင်းနေတဲ့ သခင်ကြီးလျန်ကိုအော်ပြောလိုက်တယ်။ "အဖေ!"

"ထွက်သွားစမ်း" သခင်ကြီးလျန်က တိုတိုတုတ်တုတ်ပြောလာတယ်။

ဒုတိယသားဖြစ်သူက ပြဿနာရှာချင်နေပေမဲ့ သခင်ကြီးလျန်ရဲ့အစောင့်တွေ ဆွဲခေါ်သွားတာကိုခံလိုက်ရတယ်။

သူထွက်သွားပြီးတာနဲ့ သခင်ကြီးလျန်က နင်နင့်ကိုလက်ယက်ခေါ်လာတယ်။ သူကသူမကို ကြင်နာတဲ့အမူအရာနဲ့ ကြည့်လို့နေတယ်။ "ကလေး အဘိုးကိုမင်းအကြောင်းပြောပြပါဦး"

သူမရဲ့ဇာတ်ကောင်အသေးစိတ်အချက်အလက်တွေကို အစောကြီးကတည်းက နေရာချထားပြီးသားဖြစ်တယ်။ နင်နင်သူ့အရှေ့မှာထိုင်ကာ သူ့ကိုတစ်ချက်ချက်ခိုးကြည့်ပေမဲ့ အချိန်အများစုမှာတော့ သူမရဲ့အင်္ကျီထောင့်စွန်းကိုသာ လိမ်ကစားနေလိုက်တယ်။ "ကျွန်မလား? ကျွန်မအမေနဲ့နေတယ်၊ ဒါပေမဲ့သူက ကျွန်မအမေအရင်းဟုတ်မဟုတ်တော့ သေချာမသိဘူး၊ သူကျွန်မကို နည်းနည်းလေးတောင် သဘောကျတာမဟုတ်ဘူးလေ၊ မောင်လေးကိုပဲချစ်တာ"

"သားယောက်ျားလေးကို သမီးမိန်းကလေးထက် ပိုမျက်နှာသာပေးကြတာ၊ အဲ့လိုလူမျိုးတွေ တော်တော်များတာပဲ" သခင်ကြီးလျန်က နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလာတယ်။ "အခုကျောင်းတက်နေလား?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now