အခန်း ၃၅: မင်းအတွက်

3.1K 596 69
                                    

{Unicode}

အခန်း ၃၅: မင်းအတွက်

"အကောင်းဆုံးရုပ်ရှင်ဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ <ပြဇာတ်ရုံတစ္ဆေ>"

"<ပြဇာတ်ရုံတစ္ဆေ> ခွဲခြမ်းစိတ်ဖြာခြင်း၊ ဒီရုပ်ရှင်ကဘာဖြစ်လို့အရမ်းကောင်းနေတာလဲ?"

"<ပြဇာတ်ရုံတစ္ဆေ> ထဲကဂန္တဝင်စာသားများ"

"သရုပ်ဆောင်မင်းသမီးပိုင်ရုန်: <ပြဇာတ်ရုံတစ္ဆေ> ထဲမှာသရုပ်ဆောင်ခွင့်ရခဲ့တာက ကျွန်မဘဝရဲ့အကောင်းဆုံးအရာတစ်ခုပါပဲ။"

...ဘာတွေဖြစ်နေတာလဲ? ဒါရိုက်တာချန်လူတွေငှားပြီး ဒီဆောင်းပါးတွေရေးခိုင်းထားတာလား? ဒါပေမဲ့အဲ့လိုဆိုရင်တောင် ဒီလောက်ထိများနေဖို့မဖြစ်နိုင်ဘူးလေ။

ရုပ်ရှင်ဝေဖန်ရေးဝက်ဘ်ဆိုက်တွေအကုန်လုံးက <ပြဇာတ်ရုံတစ္ဆေ>ကို ကြယ်၄ပွင့်ကနေ ၉ပွင့်အထိပေးထားကြတယ်။ Box-officeနံပါတ်တွေ၊ ဆုတွေကိုတောင် အများကြီးလုပ်ကြံထားတာလား? ဒါရိုက်တာချန်ဘာတွေစဉ်းစားနေတာလဲ?

ဖုန်းကိုပွတ်နေတဲ့ နင်နင့်ရဲ့လက်ချောင်းတွေတန့်သွားပြီး ဆောင်းပါးတစ်ခုမှာရပ်သွားတယ်။

ဆောင်းပါးခေါင်းစဉ်: <ပြဇာတ်ရုံတစ္ဆေ> ရိုက်ကူးနေစဉ် အမှန်တကယ်ဖြစ်ပျက်သွားခဲ့တဲ့အဖြစ်ဆိုးတစ်ခု

နင်နင်ခေါင်းစဉ်ကိုခဏလောက်စိုက်ကြည့်နေပြီးမှ ဆောင်းပါးကိုနှိပ်လိုက်တယ်။

ပထမဆုံးတွေ့ရတာက ဓာတ်ပုံအဟောင်းတစ်ခုဖြစ်တယ်။ ၁၉၈၈ခုနှစ်တုန်းကသစ်ခွပြဇာတ်ရုံရဲ့ပုံဖြစ်ပြီး ပြဇာတ်ရုံအဝမှာလူတွေတန်းစီရပ်နေကြတယ်။ သူမအဲ့ဒီလူတစ်ယောက်ချင်းစီကိုမှတ်မိတယ်– သူတို့တွေအားလုံးက မကြာသေးခင်ကသူမထွက်လာခဲ့တဲ့ရုပ်ရှင်ထဲကလူတွေပဲ! ဒါရိုက်တာရော၊ သရုပ်ဆောင်တွေရော၊ ကျန်တဲ့အဖွဲ့သားတွေအကုန်လုံးရော!

နင်နင်ရဲ့အသက်ရှူနှုန်းလေးပင်လာပြီး သူမရဲ့ရင်ဘတ်နိမ့်ချည်မြင့်ချည်ဖြစ်လာခဲ့တယ်။

"ဟုတ်သားပဲ၊ မင်းညစာဘာစားမလို့လဲ?" လီပေါ်ယွဲ့ကကားမောင်းရင်းမေးလာတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now