အခန်း ၁၅၄: သုံးခန်းပြဇာတ်

1.3K 337 1
                                    

{Unicode}

အခန်း ၁၅၄: သုံးခန်းပြဇာတ်

တံခါးကအပြင်ကနေ ဆွဲဖွင့်ခံလိုက်ရတယ်။ ရွာသူကြီးက လူတစ်စုကိုဦးဆောင်ရင်း တံခါးဝမှာရပ်ကာ ပြောလာခဲ့တယ်။ "နင်ယွိရန်၊ မြန်မြန်ငါတို့နဲ့လိုက်လာခဲ့"

တစ်ညလုံးဒီတိုင်းထိုင်နေရပုံပေါ်တဲ့ နင်ယွိရန်က မတ်တတ်ထရပ်လာတယ်။ သူမရဲ့မျက်နှာကဖြူရော်ပြီး နွမ်းနယ်နေကာ သူမရဲ့နှလုံးသားက ယောက်ယက်ခတ်လို့နေတယ်။ သူတို့တွေသူမကို အကြောင်းမရှိဘဲ အခန်းထဲပိတ်ထားခဲ့တာမဟုတ်သလို အခုလည်းအကြောင်းမရှိဘဲ လာလွှတ်ပေးကြတာ မဖြစ်နိုင်ပေ။

"နင်နင်ဘာဖြစ်သွားလို့လဲ?" သူမတုန်ယင်စွာနဲ့မေးလိုက်တယ်။

ရွာသူကြီးကသူမကို ထူးဆန်းတဲ့အမူအရာနဲ့ ကြည့်လာခဲ့တယ်။ "မင်း...သူ့ကို နော်အကသင်ပေးထားတာလား?"

နင်ယွိရန်, "ဟင့်အင်း"

ရွာသူကြီးက အိပ်ရာပေါ်မှာလှဲလျောင်းနေတဲ့ ချွေ့ဟုန်မေကိုကြည့်ပြီး ဆက်မေးလာတယ်။ "မင်းရော?"

သူပြန်ရတာက ဟောက်သံပဲဖြစ်တယ်။

ရွာသူကြီးကအနောက်ကလူနှစ်ယောက်ကို အကြည့်တစ်ချက်ပစ်လွှတ်လိုက်တော့ သူတို့ကအရှေ့ကိုလျှောက်သွားပြီး ချွေ့ဟုန်မေကို လွှတ်ခါနှိုးလာတယ်။

"ဘယ်သူလဲ? နင်တို့ကဘယ်သူတွေလဲ? ဒီအချိန်ကြီး ဘာလာလုပ်နေကြ... အား၊ ရွာသူကြီး" ချွေ့ဟုန်မေက ထင်ရာစိုင်းတတ်တဲ့သူဆိုပေမဲ့ ရွာသူကြီးကိုမြင်ရတိုင်းမှာ ကြောင်အ‌ရှေ့ရောက်နေတဲ့ ကြွက်တစ်ကောင်လိုမျိုး ပြုမူလေ့ရှိတယ်။ သူမကအိပ်ရာပေါ်ကနေလှိမ့်ဆင်းလာပြီး ရွာသူကြီးရဲ့မေးခွန်းကို မျက်နှာပူပူနဲ့ ပြန်ဖြေလာခဲ့တယ်။ "ကျွန်မ... ကျွန်မသူ့ကိုသင်ပေးချင်ပေမဲ့ ကျွန်မကိုယ်တိုင်တောင် သေချာမသိတော့လို့"

သူမကပျင်းရိတဲ့အပြင် သူမကိုယ်ပိုင်မိသားစုရဲ့ နော်အကကိုတောင် မေ့လျော့နေပြီဖြစ်တယ်။ အခြားမိသားစုရဲ့ နော်အကကိုပါ ဘယ်လိုလုပ်ပြီး မှတ်ထားနိုင်မှာလဲ?

သူမတို့နှစ်ယောက်ရဲ့အဖြေကိုကြားပြီးနောက်မှာ ရွာသူကြီးရဲ့အမူအရာက ပိုပြီးတော့တောင်ထူးဆန်းလို့လာတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now