အခန်း ၁၃၉: ပိုင်ရှင်

1.8K 363 16
                                    

{Unicode}

အခန်း ၁၃၉: ပိုင်ရှင်

နင်နင်ရုပ်ရှင်ရုံကိုပြန်လာခဲ့တယ်။

ဒါရိုက်တာချန်က ရုပ်ရှင်ရုံကို ပြဇာတ်ပွဲနေရာအဖြစ် ငှားထားပေမဲ့ အဲ့ဒါကပွဲဦးထွက်ရုံတင်နေ့အတွက်ပဲ ဖြစ်တာကြောင့် အခုအချိန်မှာ ရုပ်ရှင်ကြည့်ဖို့လာတဲ့လူတွေ ပုံမှန်အတိုင်းရှိနေဆဲပင်။

နေရာခန်းမကိုကြည့်ပြီးတာနဲ့ ဒါရိုက်တာချန် ထွက်သွားနှင့်ပြီဖြစ်တယ်။ သူထွက်သွားပြီးသိပ်မကြာခင်မှာ ရုပ်ရှင်ရုံက လူငယ်အနုပညာရုပ်ရှင်ကို စတင်ပြသလာတယ်။

ဒီရုပ်ရှင်ကတော်တော်လေးဆိုးရွားလို့လားမသိပေမဲ့ နင်နင်ဝင်လာတဲ့အချိန်မှာ လူအနည်းငယ်သာရှိလို့နေတယ်။ လူအရေအတွက်က စိတ်မကောင်းစရာကောင်းလောက်အောင် နည်းနေတဲ့အပြင် နင်နင်ဝင်လာတဲ့အချိန်မှာ နောက်တစ်ယောက် ထထွက်လာတယ်။ ထိုလူကသူမနဲ့ ပုခုံးနဲ့တိုက်မိသွားတယ်။ သူမသူ့ကိုလမ်းဖယ်ပေးကာ ဖုန်းထုတ်ပြီး စာတစ်စောင်ပို့လိုက်တယ်။ "ကျွန်မရောက်နေပြီ"

လက်တစ်ဖက်က ထိုင်ခုံတွေကြားကနေ မြောက်တက်လာပြီး ဝေ့ယမ်းပြလာတယ်။

နင်နင်ထိုနေရာကိုလျှောက်သွားကာ ဘေးမှာထိုင်ချလိုက်တယ်။

ချူယန့်ကသူမကို ရည်ရည်မွန်မွန်ပြုံးပြလာတယ်။ သူတစ်ခုခုပြောလာတော့မယ့်အချိန်မှာ သူ့ဘေးမှာထိုင်နေတဲ့ သူဌေးချူက အမူအရာကင်းမဲ့စွာနဲ့ ပြောလာခဲ့တယ်။ "ရပြီ၊ မင်းပြန်တော့"

"အို့" ချူယန့်ကနာခံစွာနဲ့ ချက်ချင်းထရပ်လာတယ်။ "ဒါဆိုကျွန်တော်သွားတော့မယ်၊ ခင်ဗျားတို့နှစ်‌ယောက် စကားကောင်းကောင်းပြောကြပါ"

သူထွက်သွားပြီးတော့ နင်နင်နဲ့သူဌေးချူကြားမှာ ထိုင်ခုံတစ်လုံး နေရာလွတ်သွားတယ်။ သူမတို့နှစ်ယောက်ထဲက ဘယ်သူမှ မလှုပ်ရှားကြပေ။ ဘယ်သူမှမတ်တတ်ထမရပ်ကာ ဘယ်သူမှခုံပြောင်းမထိုင်ကြပါချေ။

"ခိုးဝင်လာတာအတွက် ပထမဆုံးပေးခဲ့တဲ့အပြစ်ဒဏ်က ခိုးဝင်လာတဲ့လူကိုပဲမဟုတ်ဘူး" နင်နင်အရှေ့က ပိတ်ကားချပ်ကိုစိုက်ကြည့်ကာ ပြောလိုက်တယ်။ "တံခါးစောင့်ကို အပြစ်ပေးဖို့လည်းပါတယ်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now