အခန်း ၉၉: ရထားလမ်း

2K 441 29
                                    

{Unicode}

အခန်း ၉၉: ရထားလမ်း

ထိုပုံထဲကနေရာက အပြင်မှာတကယ်ရှိနေခဲ့တယ်။

နင်နင်သူမအရှေ့က စွန့်ပစ်ခံရထားလမ်းအဟောင်းတွေကို ကြည့်လိုက်တယ်။ ရထားတွေမရှိသလို လူအရိပ်အယောင်လည်းရှိမနေဘဲ မြက်ပင်ရှည်တွေကိုသာတွေ့ရတယ်။ လေအဝှေ့မှာ ရထားလမ်းအလယ်က ပန်းအဖြူရောင်လေးနှစ်ပွင့်က ဘယ်ညာယိမ်းယိုင်လို့နေတယ်။

"ဒီကိုလာခဲ့တဲ့လမ်းကိုမှတ်မိလား?" နင်ယွိရန်က နင်နင့်အနောက်မှာရပ်ကာ သူမရဲ့ပုခုံးပေါ် လက်နှစ်ဖက်တင်လာခဲ့တယ်။

နင်နင်ခေါင်းခါလိုက်တယ်။

"ဒါဆိုရင်မေမေတို့ အစကနေလမ်းပြန်လျှောက်ကြမယ်" နင်ယွိရန်ကအပြုံးနဲ့ပြောလာတယ်။

ဒီနေ့ကနင်ယွိရန်ရိုက်ကူးရေးမရှိတဲ့ ရှားရှားပါးပါးအားလပ်ရက်ဖြစ်တယ်။ ဒါပေမဲ့သူမတို့က ကစားကွင်းတို့ပန်းခြံတို့ကိုမသွားသလို ရေခဲမုန့်နဲ့ကိတ်မုန့်စားဖို့တောင် မသွားပါချေ။ ဒီနေ့တစ်နေ့လုံးကို လမ်းပေါ်မှာသာကုန်ဆုံးခဲ့ရတယ်။

နင်ယွိရန်ကနင်နင့်ကို မြို့အပြင်ဘက်ဆီ ကားမောင်းခေါ်လာခဲ့တယ်။ သူမတို့အခုရပ်နေတဲ့အရှေ့က ရထားလမ်းအဟောင်းတွေဆီကိုဖြစ်တယ်။

တစ်ကြိမ်တည်းမလောက်တာကြောင့် သူမတို့နှစ်ခါ၊ သုံးခါထပ်ပြီး သွားလိုက်ပြန်လိုက်လုပ်နေကြတယ်။

"အခုမှတ်မိပြီလား?" နင်ယွိရန်မေးလာတယ်။

"ဟုတ်" နင်နင်ဖြေလိုက်တယ်။

"ဒီနေရာကနေ သမီးတစ်ယောက်တည်း လမ်းလျှောက်ထွက်နိုင်လား?" နင်ယွိရန်ထပ်မေးလာတယ်။

ဒီရထားလမ်းတွေက အသုံးပြုမခံရတော့တာ နှစ်အတော်ကြာပြီဖြစ်တယ်။ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ရက်ပြီးတစ်ရက်ကုန်လွန်လာကာ အစကဒီမှာရှိနေရမယ့်လမ်းမက အခုတော့မြက်ပင်တွေ ဖုံးလွှမ်းတာကိုခံထားရတယ်။ ကားနဲ့ဝင်လာဖို့မဖြစ်နိုင်တော့တာကြောင့် တစ်စုံတစ်ယောက်သာ ဒီရထားလမ်းအဟောင်းတွေဆီကိုလာချင်ရင် ကားပေါ်ကနေဆင်းပြီး တောလမ်းကနေ လမ်းလျှောက်လာရမှာဖြစ်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now