အခန်း ၁၂၅: မျက်နှာဖုံးနဲ့လူ

2.3K 427 32
                                    

{Unicode}

အခန်း ၁၂၅: မျက်နှာဖုံးနဲ့လူ

ဘယ်လိုမျိုးအဆုံးသတ်ရမှာလဲ?

ကျန်းရှင်းအိုက်ကအချိန်တစ်ခုအထိ တိတ်ကျသွားပြီးတော့မှ တံခါးဝဆီကိုပြေးတော့တယ်။

သူမရဲ့ဖိနပ်တစ်ဖက်က လမ်းတစ်ဝက်မှာကျွတ်ကျန်ခဲ့တယ်။ အနီးကပ်ကြည့်ကြည့်မယ်ဆိုရင် အဲ့ဒါကဖိနပ်မဟုတ်ပါချေ။ သူမရဲ့ညာဘက်ခြေထောက် ကျွတ်ကျခဲ့တာဖြစ်တယ်။ အဲ့ဒါကအပြီးအတိုင် ကျွတ်ကျလာခဲ့ပေမဲ့ သွေးတစ်စက်မျှမထွက်ဘဲ အနက်ရောင်တိပ်ကြိုးတွေကသာ အသားထဲကနေအန်ကျလာခဲ့တယ်။

"အား... ကယ်ကြပါဦး..." ကျန်းရှင်းအိုက်ကသူမရဲ့လက်နှစ်ဖက်နဲ့ ကြမ်းပြင်ပေါ်မှာတွားသွားနေပြီး အနက်ရောင်တိပ်ကြိုးရှည်တွေက သူမရဲ့ကိုယ်အနောက်ကနေ တွဲပါသွားလို့နေတယ်။ မျက်နှာဖုံးနဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက်ကို ဖြတ်ကျော်လာခဲ့ပြီးနောက်မှာ သူမနောက်ဆုံးတော့ တံခါးဝရှေ့ရောက်လာခဲ့တယ်။ သူမအော်ငိုလိုက်တယ်။ "ရှန့်ရွှေ..."

သူမရဲ့စကားမဆုံးသေးခင်မှာ မျက်နှာဖုံးက သူမရဲ့မျက်နှာပေါ်ကနေ ကျွတ်ကျလာခဲ့တယ်။

အနက်ရောင်ပိတ်ဖိနပ်တစ်စုံက ဖြည်းညင်းစွာလျှောက်လှမ်းလာတယ်။ သူဌေးချူခါးကိုင်းချပြီး မြေ‌ခွေးမျက်နှာဖုံးကို ကောက်ယူလိုက်တယ်။

ကြမ်းပြင်ပေါ်မှာကျန်းရှင်းအိုက်မရှိတော့ပေ။ အနက်ရောင်တိပ်ကြိုးတွေကသာ မြွေတစ်ကောင်လိုမျိုး တွန့်လိမ်လို့နေတယ်။ ထိုတိပ်ကြိုးတွေက အနည်းငယ် ရုန်းကန်လှုပ်ရှားနေပြီးနောက်မှာ ပြာမှုန်တွေအဖြစ်ပြောင်းလဲလာပြီး လေထဲလွင့်ပါသွားတော့တယ်။

သူဌေးချူမျက်နှာဖုံးကိုကိုင်ပြီး ရုပ်ရှင်ပြစက်အခန်းဘက်ကို လှည့်လျှောက်သွားတယ်။ ခုနတုန်းကရန်ဖြစ်တိုက်ခိုက်နေကြတဲ့ မျက်နှာဖုံးနဲ့လူတွေက လက်ထဲကထိုင်ခုံတွေကိုချပြီး သူ့အနောက်ကနေ တိတ်တဆိတ်လိုက်လာကြတယ်။

သူတို့ကိုကြည့်ရတာ ဈာပနတစ်ခုနဲ့ဆင်တူလို့နေတယ်။

နင်နင်ခဏတာတွန့်ဆုတ်နေပြီးတော့မှ သူတို့နောက်ကိုလိုက်သွားလိုက်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now