အခန်း ၉၁: နောင်တ

2.2K 456 18
                                    

[Unicode]

အခန်း ၉၁: နောင်တ

ရုပ်ရှင်စတင်လာခဲ့တယ်။

နန်းကြိုးမျှင်မီးအိမ်က သူ့ရဲ့ခေါင်းပေါ်မှာ တကျိကျိမြည်နေတယ်။

မုကွားကထိုင်နေရင်းနဲ့ ခေါင်းမော့လို့ထားတယ်။ သူ့ရဲ့မျက်နှာ‌ပေါ်မှာ အဝတ်စိုနဲ့ဖုံးခံထားရပြီး သူကနာကျင်စွာညည်းညူလို့နေတယ်။

လက်တစ်ဖက်က ထိုအဝတ်စိုကိုဆွဲဖယ်သွားကာ ယောက်ျားတစ်ယောက်က သူ့ကိုမေးလာတယ်။ "ပြော၊ မင်းလျန်လျန်နဲ့ စကားပြောနေတာကြာပြီလား?"

မုကွားအသက်ကိုလုရှူကာ ခေါင်းခါပြလိုက်တယ်။

"သူဘယ်ကိုပြေးသွားတာလဲ?"

မုကွားထပ်ပြီးခေါင်းခါလာတယ်။

"အခြားဘယ်သူတွေသိထားသေးလဲ?"

"...ကျုပ်ပဲ" မုကွားခေါင်းမော့ကာ မျက်နှာကြက်ကို ဗလာမျက်ဝန်းတွေနဲ့ကြည့်နေမိတယ်။ ပြီးတော့သူ့ရဲ့အကြည့်ကို ထိုလူအပေါ်ရွေ့ပြောင်းလိုက်တယ်။ "ကျုပ်တစ်ယောက်တည်းပဲ"

"ကောင်းတယ်" ထိုလူကရယ်လာပြီး လေးပင်နေတဲ့အဝတ်စိုကို မုကွားရဲ့မျက်နှာ‌ပေါ် ထပ်ပြီးပစ်တင်လိုက်တယ်။၊

လေတွေရုတ်တရက်ပြတ်လပ်သွားကာ သူ့ရဲ့နှာခေါင်းထဲ ရေတွေတိုးဝင်လာခဲ့တယ်။ မုကွားက ရေနစ်နေတဲ့လူတစ်ယောက်လိုမျိုး စတင်ရုန်းကန်တော့တယ်။

အသက်ထွက်ခါနီးဆဲဆဲမှာ သူ့ရဲ့ဘဝတိုတိုက သူ့စိတ်ထဲတစ်ချက်ဖြတ်ပြေးသွားတယ်။

နွေဦးပန်းတွေပွင့်လန်းနေကာ မိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်က အလင်းရောင်အရှေ့မှာရပ်နေပြီး သူ့အနားကို အပြုံးတစ်ခုနဲ့ ဖြည်းဖြည်းချင်းချဉ်းကပ်လို့လာတယ်။

"နတ်သမီး..." သူစိတ်ထဲမှာရေရွတ်လိုက်တယ်။

ထိုမိန်းကလေးက သူ့အနားကိုလျှောက်လာပြီး သူမရဲ့ကိုယ်ကအလင်းရောင် တဖြည်းဖြည်းပျောက်ကွယ်သွားကာ ခပ်နွမ်းနွမ်းအဝတ်အစားတွေအဖြစ် ပုံပေါ်လာခဲ့တယ်။

သူရုတ်တရက်ပါးရိုက်ခံလိုက်ရတယ်။ ပြီးတော့ကော်လာကနေအဆွဲခံရကာ ထိုမိန်းကလေးကအော်ပြောလာတယ်။ "ဝက်ကောင်! ငါ့ရဲ့ဇာတ်ကြောင်းကိုပြန်ပေး!"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now