အခန်း ၉၅: ရှေ့ပြေးအိပ်မက်

2K 450 12
                                    

{Unicode}

အခန်း ၉၅: ရှေ့ပြေးအိပ်မက်

ကျားပါးစပ်ထဲကို ကိုယ့်သဘောနဲ့ကိုယ် အလိုက်သင့်ခုန်ဆင်းသွားပေးလို့မရပါချေ။

နင်နင်တွေ့ချင်တဲ့လူကယွီရှန်းပဲဖြစ်ပြီး ဖေရွှမ်ကိုတွေ့ဖို့စိတ်ကူး သူမမှာမရှိသေးပေ။

အခုအချိန်မှာယွီရှန်းက ဖေရွှမ်ခေါ်သွားတာကို ခံထားရလောက်ပြီ။ ပြီးတော့ ဖေရွှမ်ရဲ့ချုပ်ချယ်တတ်တဲ့အကျင့်အရဆိုရင် ယွီရှန်းကသူ့အနားမှာပဲ ရှိနေလောက်တယ်။ သူကသူမကိုသင်ကြားမယ်၊ စောင့်ကြည့်မယ်၊ ထိန်းချုပ်မယ်... နင်နင်ကြုံတွေ့ခဲ့ရတဲ့အတိုင်းပဲ။

နင်နင်ယွီရှန်းနဲ့တွေ့နိုင်မလားဆိုတာကတော့ သေချာပေါက် ကံတရားအပေါ်မူတည်တာပဲဖြစ်တယ်။

ကံကောင်းစွာနဲ့ နင်နင်ကကံအရမ်းကောင်းနေတယ်။

"နင်ပဲ!"

ရင်းနှီးနေတဲ့အသံက သူမအနောက်ဘက်ကနေထွက်‌ပေါ်လာတယ်။

နင်နင်ရွှီရုန်ရဲ့လည်ပင်းကိုဖက်ထားရင်း အသံလာရာအနောက်ဘက်ကို လှည့်ကြည့်လိုက်တယ်။

လမ်းတစ်ဖက်ခြမ်းက မုန့်ဆိုင်တစ်ခုရဲ့အရှေ့မှာ ကားတစ်စီးရပ်လို့ထားတယ်။ ကားထဲကနေဆင်းလာတဲ့ တစ်ဦးတည်းသောလူက စီးကရက်သောက်ဖို့ထွက်လာတဲ့ ကံတုံးဆံတောက်နဲ့လူဖြစ်တယ်။ ဒါပေမဲ့ နင်နင့်ကိုမြင်ပြီးတော့ ကားထဲကနေ နောက်ထပ်လူတစ်ယောက်ထွက်လာခဲ့တယ်။ ထိုလူက ယွီရှန်းပဲဖြစ်တယ်။

ကံတုံးဆံတောက်နဲ့လူက ယွီရှန်းကိုတစ်စုံတစ်‌ခုအော်ပြောလာတယ်။ သူမခြေလှမ်းတွေကိုရပ်ပြီး ထိုလူရဲ့နားထဲကို စကားနည်းနည်းတီးတိုးပြောလိုက်တယ်။

သူမဘာပြောလိုက်လဲဆိုတာကို နင်နင်မသိပါချေ။ ဒါပေမဲ့ကံတုံးဆံတောက်နဲ့လူက မုန့်ဆိုင်အရှေ့မှာပဲရပ်ကာ စီးကရက်ဆက်သောက်နေပြီး သူမကတော့လမ်းဖြတ်ကာ နင်နင်ရဲ့အနားကိုလျှောက်လာခဲ့တယ်။

"မမယွီရှန်း" နင်နင်ချစ်ဖို့ကောင်းတဲ့လေသံနဲ့ အော်ခေါ်လိုက်တယ်။

"မမနာမည်ကို လျန်လျန်လို့ပြောင်းထားတယ်" ယွီရှန်းပြုံးလာတယ်။ "မမကိုလျန်လျန်ပဲခေါ်နော်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now