အခန်း ၃၁: တရားခံအစစ်အမှန်

3K 605 22
                                    

{Unicode}

အခန်း ၃၁: တရားခံအစစ်အမှန်

ဖိနပ်ရာသေးသေးလေးတွေကို နှင်းတွေပေါ်မှာတွေ့ရတယ်။

"ငါလည်းမင်းအမေကိုမသတ်ချင်ခဲ့ပါဘူး" ပိန်ကပ်ကပ်လူက အအေးငွေ့တွေကိုရှူထုတ်လိုက်တယ်။ "ငါ့ဆီကချေးထားတဲ့ပိုက်ဆံကို သူပြန်မှမဆပ်တာ၊ ငါဒူးထောက်ပြီးတောင်းပန်တာခဲ့တာတောင် သူကငါ့ကိုရယ်စားတယ်လေ၊ ငါလည်းဒေါသမွှန်လာပြီး သူ့ကိုတိုက်ပေါ်ကနေတွန်းချလိုက်မိတာ"

သူပြောပြီးတော့ ဝမ်ယွီကိုငုံ့ကြည့်လိုက်တယ်။ "မင်းအဲ့ဒါအကုန်တွေ့လိုက်တယ်မလား?"

ဝမ်ယွီခေါင်းခါပြလိုက်တယ်။

သူတကယ်ဘာမှမတွေ့ခဲ့ပါချေ။ သူ့အမေတိုက်ပေါ်ကနေပြုတ်ကျလာတဲ့အချိန်မှာ သူ့ရဲ့စိတ်တစ်ခုလုံးဗလာဖြစ်နေခဲ့တာကြောင့် တိုက်ပေါ်မှာအခြားလူတစ်ယောက်ရှိနေခဲ့တယ်ဆိုတာကို သူသတိမထားမိခဲ့တာဖြစ်တယ်။

"ငါတို့ဒီအဆင့်ထိတောင်ရောက်နေပြီကို မင်းဟန်ဆောင်နေစရာမလိုတော့ပါဘူး" ပိန်ကပ်ကပ်လူက စိတ်လွတ်နေတဲ့လူလိုပြုံးလာတယ်။ "မင်းသာသံသယမရှိနေဘူးဆိုရင် သကြားလုံးတစ်ထုပ်လုံးကို ဘာဖြစ်လို့အစ်မကြီးကိုပဲပေးလိုက်ပြီး မင်းကျတော့မစားခဲ့တာလဲ?"

သူ့အမေသေသွားပြီးကတည်းက ဝမ်ယွီစကားမပြောနိုင်တော့တာကြောင့် သူပိန်ကပ်ကပ်လူကိုမရှင်းပြနိုင်ပါချေ။ အန်တီကြီးနဲ့သူမရဲ့မိသားစုက သူ့ကိုဆိုးဆိုးရွားရွားဆက်ဆံခဲ့ကြတယ်ဆိုပေမဲ့ ဝမ်ယွီကတော့သူတို့အပေါ်ကိုကျေးဇူးတင်စိတ်ရှိစမြဲပဲဖြစ်တယ်။

အဲ့ဒါကြောင့်ဝမ်ယွီသကြားလုံးထုပ်ကိုကောက်ရတဲ့အချိန်မှာ သူ့စိတ်ထဲပထမဆုံးဝင်လာတဲ့အတွေးက ဝေမျှစားဖို့ဖြစ်တယ်။ ဒါပေမဲ့အန်တီကြီးကသကြားလုံးထုပ်ကိုရပြီးတော့ ဝမ်ယွီကိုတစ်လုံးမှပြန်မပေးခဲ့ဘဲ သူမတို့မိသားစုသက်သက်သာစားခဲ့ကြတယ်။

အဆုံးမှာ‌ သူမတို့တစ်မိသားစုလုံးအစာအဆိပ်သင့်သွားပြီး ဝမ်ယွီတစ်ယောက်သာလွတ်ခဲ့တာဖြစ်တယ်။

"ငါအစ်မကြီးကိုလည်းမသတ်ချင်ခဲ့ဘူး၊ သူတို့တစ်မိသားစုလုံးကိုသတ်ပစ်မယ်ဆိုတဲ့အတွေးက ငါ့ခေါင်းထဲပေါ်တောင်ပေါ်ခဲ့ဖူးတာမဟုတ်ဘူး" ပိန်ကပ်ကပ်လူက ဗလုံးဗထွေးပြောလာတယ်။ "မင်းသိလား? သူတို့သေသွားပြီဆိုတဲ့သတင်းကိုကြားပြီးကတည်းက ငါတစ်ညမှကောင်းကောင်းအိပ်လို့မရသေးဘူး၊ အိမ်အပြင်ဘက်က သစ်ရွက်လှုပ်တဲ့အသံတိုးတိုးလေးကြားရင်တောင် ရဲတွေငါ့ကိုဖမ်းဖို့လာကြပြီဆိုတဲ့ကြောက်စိတ်နဲ့ ငါအိပ်လို့မပျော်ခဲ့ဘူး..."

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now