«ဒုတိယ/ဇာတ်သိမ်း» အခန်း ၃၂: ၁၉၈၈

3.3K 680 155
                                    

{Unicode}

«ဒုတိယ/ဇာတ်သိမ်း»
အခန်း ၃၂: ၁၉၈၈

လောကကြီးက သူမဝမ်ယွီကိုကယ်တင်နိုင်မှာကိုတားဆီးနေတယ်။

နှင်းတွေထဲမှာ ခြေလှမ်းသံတွေကိုခပ်သဲ့သဲ့ကြားရတယ်။ နင်နင်က မညှာမတာကျဆင်းနေတဲ့နှင်းတွေနဲ့ ယှဉ်ပြိုင်နေတယ်။

သူမအနောက်ကနေလိုက်လာတဲ့ ချန်ကွမ်းချောင်ကဘာအကူအညီမှမဖြစ်ပါချေ။ သူကသူမကိုတားတောင်တားနေသေးတယ်။

"တော်လောက်ပြီ၊ သူတို့ကိုတွေ့ရင်တောင်ဘာလုပ်လို့ရမှာမလို့လဲ?"

"မင်းကဒီတိုင်းသာမန်မိန်းကလေးပဲကို၊ လူသတ်သမားနဲ့ယှဉ်ချနိုင်လို့လား?"

"ရဲကိုအကြောင်းကြားပြီး သူတို့ဘာသာလုပ်ပါစေပေါ့"

"အဲ့ကောင်လေးကဘယ်လောက်အရေးပါတာမလို့လဲ၊ မင်းသူနဲ့အတူနေနေတာ ဘယ်လောက်မှတောင်မကြာသေးဘူးမဟုတ်လား? သုံးလတောင်ရှိပြီလို့လား? ဒီသုံးလထဲ သူမင်းကိုပြဿနာဘယ်လောက်တောင်ပေးထားလဲ?"

"အရှုံးပေးလိုက်တော့၊ အရှေ့မှာခြေရာတွေလည်းမတွေ့ရတော့ဘူး"

လေနဲ့နှင်းတွေက သူမကိုရိုက်ခတ်သွားတယ်။ နင်နင်ရေငွေ့တွေကိုရှူထုတ်ပြီး နှင်းထဲမှာရပ်နေတယ်။

လောကကြီးကအမြဲတမ်းဒီလိုပဲ။ မင်းအတတ်နိုင်ဆုံးကြိုးစားရင်တောင် အဆုံးမှဘာမှပြန်မရဘူး။

သူမလည်းအမြဲတမ်းဒီလိုပဲ။ သူမသေလောက်အောင်ကြိုးစားတိုင်းဘာမှပြန်မရတာတောင် အခုထိအရှုံးမပေးနိုင်သေးဘူး။

"ငါနင့်ကိုတွေ့အောင်ရှာမယ်၊ ငါသေချာပေါက်တွေ့အောင်ရှာမယ်..." သူမက သူမကိုယ်သူမစိတ်ညှို့နေသလိုမျိုး စကားတစ်ခွန်းတည်းကိုထပ်ခါထပ်ခါပြောရင်း လမ်းပတ်လျှောက်နေတယ်။

သူမရုတ်တရက်လက်မြှောက်လိုက်တယ်။ သူမလက်ထဲကလက်နှိပ်ဓာတ်မီးရဲ့အလင်းရောင်က အဆောက်အအုံတစ်ခုရဲ့နံရံပေါ်ကိုကျရောက်သွားတယ်။ သူမရဲ့မျက်လုံးတွေပူစပ်လာပြီး သူမရဲ့အသံကတုန်ယင်လာတယ်။ "ရှာတွေ့ပြီ..."

ဆောက်လုပ်လို့ပြီးခါနီးအဆောက်အအုံတစ်ခုရဲ့နံရံပေါ်မှာ အလျားလိုက်အောင်လံတံခွန်တစ်ခုကိုချိတ်လို့ထားတယ်။ အောင်လံတံခွန်ပေါ်မှာရေးထားတာက '၁၉၈၈ကိုကြိုဆိုပါတယ်၊ ၁၉၈၈ကိုပွေ့ဖက်ပါတယ်၊ ၁၉၈၈ကိုဆင်နွှဲပါတယ်' ဆိုပြီး‌တော့ဖြစ်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now